အားလုံးပျော်ရွှင်ပါစေ

LPK ပြန်လည်စုစည်းခြင်း

မနေ့ က ဒီလောက်များတဲ့ ၀က်သားဒုတ်ထိုးလဲ ကုန်ခဲ့တယ်...


ခေါင်းချင်းဆိုင်ပြီး ဘာလုပ်နေတာပါလိမ့်။ကြာဇံကြော်ထဲက အသားတွေ ရွေးယူနေတာလား ..မသိဘူး။



Read More......

ကျမနှင့်လေကုန်သည် (၁)

ကျောင်းသားများ စကားပြောသံများ၊ ငြင်းခုံနေသူများ များနှင့် အခန်းအပြင်ဘက်တွင် ဆူညံနေသည်။ အချိန်က သိပ်မလိုတော့။ ကျမမှာ အနားနီးမှ စာကပ်ကြည့် တတ်သောကြောင့် ခေါင်းထဲသို့ ဝင်သလောက် မှတ်မိနိုင်သလောက် စာများကို မှတ်သားနေသည်။ ထုံးစံအတိုင်း စာမေးပွဲဖြေရတော့မှ ကုန်ခဲ့သည့်အချိန်များကို အောင်းမေ့လျက်..
မနေ့ ညနေမှ စပြီး ကြည့်ထားသည့် ဒီဘာသာရပ်အတွက် မျှော်လင့်ချက်ကလည်းမကောင်းမှန်းလဲသိသည်။ ဒါကလည်းအကျင့်ဆိုးကြီးလိုဖြစ်နေသည်။ ဖြေခါနီးမှပဲ မသိတဲ့အရာတွေက ပိုများလာသည်။ ခေါင်းထဲမှာမနည်း ပြန်ပြီး မှတ်ထားတာတွေ ကိုပြန်စဉ်းစားနေသည်။ ဦးခေါင်းတောင် မလှုပ်ရဲ။ ဦးနှောက်ထဲမှ ကျက်ထား၊မှတ်ထားသော စာများ လွင့်ကျသွားလျှင် ပြန်ကောက်ဖို့ ကား အချိန်မရှိတော့။

စာမေးပွဲဖြေရန် အချိန်နီးပြီ။ ဆယ်မိနစ်ခန့် အလိုမို့  ကျောင်းသားများအထဲဝင်ကြသည်။ ကျမလဲ ရေဗူး၊စာရေးကိရိယာ၊ကျောင်းသားကဒ် ယူပြီး ကျမထိုင်ရမည့် နေရာမှာ သွားထိုင်လိုက်သည်။ အလယ်တန်းအလယ်လောက်တွင်ဖြစ်သည်။ပတ်ဝန်းကျင်အား စပ်စုလိုက်သေးသည်။ အားလုံးက စပ်ဖြီးဖြီး။ စာရလို့ လားတော့မသိ။

စပြီမေးခွန်းရသည်နှင့် ရတာတွေကို အရင် ခေါင်းထဲမှ တခုပြီးတခု မနည်း ဖျစ်ညှစ်ယူရသည်။ တခုပြီးတခု ဖြည်းဖြည်းနှင့် အရှိန်ယူဖြေဆိုရသည်။ စိတ်လောမိလျှင်စာတွေက ထွက်မလာတော့။
ထိုမေးခွန်းကို စတွေ့ ကတည်းက မေ့တေ့တေ့ဖြစ်နေတော့ ကျက်ထား၊မှတ်ထားသမျှက ဖြောင့်ဖြောင့်ဖြူးဖြူးထွက်မလာ။ သိတာလေးတွေကို ရွီးရသေးတယ် ဆိုတော့ စာကြောင်းကလည်း ဖြောင့်ဖို့  လိုတယ်မလား။ ဒါကြောင့် ဖြည်းဖြည်း စဉ်းစားပြီးရေးနေခိုက်... ဘူ ... ဆိုတဲ့ သံရှည် တခု ကျမခုံအရှေ့ မှ ကျောင်းသားတယောက်ဆီ ကြားလိုက်တော့၊ ရယ်ချင်တာကအရင်၊ ရယ်ပြီးမှပဲ အနံ့ ထွက်မထွက် သတိရတော့.. တော်သေးတယ်..အနံ့  မထွက်လို့ ၊ ဖြေလက်စ စာတွေတောင် ဘယ်နားရောက်သွားလဲမသိ၊ ဒါနဲ့ ပဲ နောက်မေးခွန်းတခုဆက်ဖြေရတယ်..အရှိန်ပြန်ယူရတယ်။

စာမေးပွဲခန်းထဲမှာ ဒါမျိုးလဲဖြစ်တတ်ပါတယ်..(အနံ့ မပါလို့ လေကုန်သည်အား အလွန်ကျေးဇူးတင်မိသည်။)


အာရောဂျံ ပရမံလာဗံ
ကျန်းမာခြင်းသည် လာဒ်ကြီးတပါးဖြစ်သည်။

Read More......