ရေကြည်

အားလုံးပျော်ရွှင်ပါစေ

ရုပ်ရှင်တဖျတ်..ကြယ်တွေကလက်..ရည်မှန်းချက်တသက်

ကြည့်လက်စ နှစ်ဟောင်းရုပ်ရှင်ဇာတ်ကား ချစ်ရေစင် မှ ညို့ အပေါ် သနားသက်ဝင်မိသည်။ ဒါကြောင့် သမီး မိန်းကလေးရှိသော မိဘတွေအဖို့  လူပျိုယောကျာ်းလေး ညအိပ်ဧည့်သည်များကို သိပ်လက်ခံလေ့ မရှိတာလို့  သိခဲ့ရသည်။ ဒေါ်မေရှင်၏ ထမီကို အထက်စင်အမဲ ခါးတွင်ပေါ်အောင်ဝတ်တဲ့ ခေတ်အ၀တ်အစားဆင်ယဉ်ပုံနှင့် ဆံပင်ရှည် ခပ်ဖွာဖွာလေးကို လျိုထုံးထားသည်ကလည်း အတော်ပင် ယဉ်လှသည်။ ချစ်မေတ္တာ ၏ ပူလောင်မှု က ညို့ အား ထာဝရ ခေါ်ဆောင်သွားခြင်းဖြင့် ဇာတ်သိမ်းခဲ့ရပြီ… သခွပ်ပင်ရဲ့ ဘေးက ရေတွေက လည်း ချောက်သွေ့ ခဲ့လေပြီ။ ဂရုဏာသံတေးသံတို့  ကလည်း ပျောက်လွင့်ကုန်ပြီ…ကျန်ခဲ့တဲ့သူ တယောက်ကတော့ ပူဆွေးမှုတွေနဲ့….


နောက်ဆုံးကျတော့ သြော် ပုံစံတွေသာ မတူကြတာ.. သောကတွေရဲ့  ပူလောင်မှုက အတူတူပါလားလို့  ကျမကိုယ်တိုင် ခံစားလိုက်ရသည်။


ရှေးခတ်က ရုပ်ရှင်ကားတွေကို ကြည့်တော့ အခုခေတ် ရုပ်ရှင်ကားတွေရဲ့ အရသာကို သိပ်သဘောမကျချင်။



ဖတ်နေတဲ့စာအုပ်ထဲက ညို့  အသွင်အပြင်သည် နေ့ ခင်းက ကြည့်ခဲ့သည့် ချစ်ရေစင်ဇာတ်ကားမှ ညို့ လှုပ်ရှားဟန်ဖြင့် မျက်စိထဲတွင် လိုက်ပုံဖော်နေမိသည်။ ဒါပေမယ့် ကိုဖေသောင်းကိုတော့ စာရေးသူ၏မျက်နှာကိုနှုတ်ခမ်းမွှေးတပ်၍သာ မြင်ယောင်မိသည်။ သူ၏ အထီးကျန်ဆန်မှု၊ စာပေကိုချစ်မြတ်နိုးမှု၊ အနုပညာ ဗီဇ များကလည်း ပိုလို့  အသက်ဝင်လှုပ်ရှားစေသည်။


“ နေစောင်းလျှင် ဖေသောင်းတို့ အရည်တောင်းပြီ” တဲ့ ..ကိုဖေသောင်းတယောက် အခုထိ အရည်တွေ သောက်ရပါ့မလား။ တောင်းတာကော ရရဲ့ လား…. နေတွေစောင်းခဲ့တဲ့ နှစ်တွေကလည်းမနည်းတော့… အရည်တွေတောင်းခဲ့ရတာတွေလည်း များခဲ့ပြီပေါ့။ ကျမတို့ က အရည်ကောင်းတွေ အလွယ်တကူရရှိနိုင်တဲ့ လမ်းပြကြယ်စာကြည့်တိုက် ရှိနေတော့ စာအုပ်ကောင်းတွေ ဖတ်ဖို့ အခွင့်အရေးရှိပေမယ့် နေစောင်းပြီး နေ၀င်လို့  အမှောင်ပျိုးမှ ကိုယ်ပိုင်ချိန်ကိုရတာပါ..


“ ဖြစ်စဉ်ဆိုး ရှည်ကြောသမျှ

အချစ်ပင်ပျိုး ရေမျောရတော့မယ်”


အချစ်ပျိုးပင်တွေ ကို မျောလိုက်တဲ့ ရေကြည်မြောင်းကလေးမှာ သွားကောက်ပြီး ပိုင်ရှင်လာတဲ့အထိ သိမ်းထားပေးပါလို့  ညို့  ကိုပြောချင်မိသည်။ ညိုကလည်း ကိုဖေသောင်းပေးခဲ့တဲ့ ဦးထုတ်လေးပိုက်ပြီး ရေအိုးစင်နားက စောင့်နေမှာပါ။


*ကျောခိုင်းရာမှာ ဘာဖြစ်ကျန်ခဲ့မှန်းမသိသူတွေအတွက် နောက်ကြည့်မှန်*

ကိုဖေသောင်းကို နောက်ကြည့်မှန် ပေးလိုက်ချင်သော မခင်အေးကို... ကျမတို့ လည်းနောက်ကြည့်မှန် တွေ ဆောင်နေပြီလို့ ပြောလိုက်ချင်ပါသည်။အရှေ့ ကကိုဖေသောင်းတို့ လို လူငယ်တွေ အနစ်နာခံဖောက်ခဲ့တဲ့လမ်း.. ရာသီဥတုဒဏ်နဲ့ အတူ အမှိုက်ပစ်သူတွေကပစ်၊ တံတွေးထွေး၊ လမ်းဘေးကမြေကြီးသယ်ပြီး ကိုယ့်အိမ်ဖို့ ကြတဲ့ အပြင် လမ်းဘေး နှစ်ဘက် စိမ်းလန်းစွာပေါက်နေတဲ့သစ်ပင်တွေခုတ် ကြသူတွေ ကိုလည်း သူတို့ နောက်မှာ လျှောက်ရမယ့် အနာဂတ်ကလေးများ အနာဂတ်မဲ့ဘ၀ကို မြင်စေချင်သလို လမ်းပေါ်မှာ အမှိုက်တွေသိမ်း၊အမှိုက်ပုံးတွေထား၊ လမ်းကိုပြုပြင်၊ မြေတွေဖို့ ၊ သစ်ပင်တွေစိုက် ကိုယ့်အသိစိတ်နဲ့ ကိုယ် လုပ်နေတဲ့ သူတွေ ကိုလည်း သူ့ နောက်က လျှောက်လာမယ့် မျိုးဆက်သစ်တွေရဲ့ ဘ၀တွေကိုလည်း မြင်ယောင်ပိတီဖြစ်စေချင်ပါသည်။


ရည်မှန်းချက်ကို မှန်မှန်ကန်ကန် တစိုက်မတ်မတ် ရပ်တည်သွားတဲ့ ကျောင်းသားတွေကိုလည်း အလွန်လေးစားဂုဏ်ယူမိပါသည်။


“ကြယ်တွေမှာလည်း ကြယ်လူကြီး၊ကြယ်ကလေးတွေရှိတယ်..

ဓူဝံကြယ်က အဖိုးကြီးမို့ တနေရာထဲ ငုတ်တုတ်ထိုင်စဉ်းစားနေတာပေါ့။

ခုနှစ်စင်ကြယ်က ကလေးတွေမို့ ကုန်းပိုးစီးတမ်း ကစားနေကြတာပါ။

အခြေမခိုင်ပဲလိမ့်ကျသွားတဲ့ကြယ်တွေမြင်ဘူးပါတယ်။

ဒါပေမယ့် အဲဒီထဲမှာ လူတွေအတွက်အသုံးတည့်လို့ နာမည်မှည့်ခံထားရတဲ့ကြယ်တွေ တပွင့်မှပါမသွားဘူး။တကယ်တော့ ကြယ်တွေရဲ့ ဘ၀မှာအဖော်နီးတာ အဖော်ဝေးတာအရေးမကြီးပါဘူး။ လောကအတွက် အသုံးဝင်တဲ့ ကြယ်ဘယ်တော့မှ

မကြွေတာ သေချာပါတယ်။”

( ကိုမင်းကိုနိုင်ရေးသားသည့် နောက်ကြည့်မှန်စာအုပ်မှ)

Read More......

၂၁ ရက်နေ့ တွင် ကျင်းပသော ပြည်သူချစ်တဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ အထိမ်းအမှတ်





ဒီနှစ် အန်တီစုမွေးနေ့  ၆၄ နှစ်ပြည့် အထိမ်းအမှတ် ပွဲ ကို သွားတော့ အရင်တုန်းက နဲ့  မတူတဲ့ ပြောင်းလဲမှုတွေ တွေ့ ခဲ့ ရတယ်..အရင် က စင်္ကာပူရောက် ဒီမိုကရေစီ အင်အားစုထဲ က တက်တက်ကြွကြွလှုပ်ရှားခဲ့သူတွေကို မတွေ့ ရတော့ လည်း တွေ့ ဆုံပြီး ကွဲသွားတဲ့ မမြဲတဲ့အရာတွေက လည်းခေါင်းထဲရောက်လာတယ်...ပြီးခဲ့ တဲ့ ၂၀၀၈ ခုနှစ်က မြန်မာအစိုးရက ဘုန်းကြီးတွေကို ရက်စက်စွာ နှိပ်စက်ခဲ့သလိုဘဲ.. စင်္ကာပူအစိုးရကလည်း စင်္ကာပူရောက် အလွှာမျိုးစုံမှ မြန်မာဒီမိုကရေစီရေး မှာ ကိုယ်တိုင် အနစ်နာခံ တက်တက်ကြွကြွ လှုပ်ရှားခဲ့သူများကို လည်း ပညာရှိနည်းနဲ့  မောင်းထုတ်ခဲ့တယ်။

ကျမတို့ ဘ၀တွေက ဘယ်ဘယ်ရောက်ရောက် အဆက်မပြတ် လိုချင်ဆုံးအရာ က ဒေါ်အောင်ဆန်းစုကြည် နှင့် နိုင်ငံရေး အကျဉ်းသားတွေကို အမြန်ဆုံးလွှတ်ပေးဖို့ ပါ။ ပြီးမှတောင်းဆိုချင်တာက မြန်မာပြည်တိုးတက်ပြီး ပြည်သားတွေ ကို အကျိုးပြုစေမယ့် စနစ် တရပ် ကို ပြည်သားတွေ ကျင့်သုံး ၊ စားသုံးနိုင်အောင် တန်ဖိုးရှိတဲ့ ဒီမိုကရေစီစနစ်တရပ်ပေါ်ထွန်းဖို့ ပါ။

ဒီတော့ အခုနှစ်မှာ စင်္ကာပူတွင် ကျင်းပတဲ့ အခမ်းအနားမှာ ပါဝင်မတက်ရောက်နိုင်တဲ့ ရဲဘော်တွေ လည်း ရောက်ရှိနေတဲ့ အရပ်ဒေသမှာ သူတို့ စွမ်းဆောင်နိုင်တဲ့ဘက်က ကြိုးစားတက်လှမ်းရင်း...


(ဘ၀ ရပ်တည်ရေးအတွက်ရုန်းကန်ရင်း.... မိမိ ရည်မှန်းချက်သို့ လည်း တက်လှမ်းရင်း... ဒီမိုကရေစီ မောင်နှမ များအား သတိရလျက်..)

ရေကြည်

Read More......

စင်္ကာပူတွင် ကျင်းပမည့် အန်တီစုမွေးနေ့ ပွဲ


ကျမတို့ ပြည်သူများအားလုံး လေးစားချစ်မြတ်နိုးသော၊ စံနမူနာ သူရဲကောင်းဖြစ်သော မြန်မာနိုင်ငံ ဒီမိုကရေ တိုက်ပွဲတွင် ရှေ့ ဆောင် နေသာ ဒေါ်အောင်ဆန်းစုကြည် အတွက်ကျင်းပမည့် မွေးနေ့  အား စင်္ကာပူမှ ဒီမိုကရေစီ လိုလားသူ၊ချစ်မြတ်နိုးသူ အားလုံး အား တက်ရောက်ပါရန် ဖိတ်ကြားအပ်ပါသည်။

Read More......