အားလုံးပျော်ရွှင်ပါစေ

ကျမတို့ နှင့်စုံထောက်ပညာ


လွန်ခဲ့သော တနှစ်ခန့် က.....

အခုတလော SMS တွေ က ပလူပျံနေသည်။ ၀င်လိုက်တဲ့ သတင်းတွေကလဲ အတိအကျ မရှိ..
ဟိုနေရာ ဒီနေရာ.. အင်း ... ဒေါ်ကြိုင်ကြိုင်တို့  စင်္ကာပူနိုင်ငံကို ရောက်နေတယ်တဲ့.. တချို့ ကလဲရထားတဲ့ သတင်းအတိုင်း စုံစမ်းပြီး သွားကြရှာပါတယ်..

လူကိုတိုက်တာ မဟုတ် မူကိုတိုက်တာ လို့  ယုံကြည်ထားပေမယ့် အတော့်ကို တရားလွန် ဆိုးဝါးလှတာ မခံနိုင်တော့ပေမယ့် လူကိုလည်း ကံကောင်းလို့ တွေ့ လိုက်ရင် တနိုင်တအား တိုက်လိုက်ချင်ပါသေးတယ်...

ဒါနဲ့ ပဲ..ငါကော တကယ်သာ အပြင်မှာတွေ့ ရင်တော့ တခုတခု လုပ်ဖို့ အတွက် စဉ်းစားထားပါတယ်..
တယောက်ချင်းယှဉ်ရင်တော့ ကိုယ့် အသက်ကို စတေးဖို့  ၀န်မလေးဘူးဟေ့ ဆိုပြီး ဆုံးဖြတ်ထားပါတယ်။

(ဒီကြားတဲ့ အီးပေါက်ပြီး တိုက်ပွဲဝင်ချင်တဲ့ သူတွေရှိသေးတယ်.. လေ .ချမ်းသာ တဲ့သူတွေဆိုတော့ ပြောအားရှိတာပေါ့)

အခုအပြင် ထွက်ရင် အမြင်အာရုံတွေကော အကြားအာရုံတွေပါ သတိထားသလို မိတ်ဆွေများ နဲ့  လဲ ဒီအကြောင်းပြောဖြစ်ပါတယ်...စင်္ကာပူ မှာ ဒင်းတို့ တွေ ရှိတယ်ဆိုရင်တော့ စင်္ကာပူမှာ ရှိနေတဲ့ မြန်မာတွေ တာဝန်ရှိတယ်ဟေ့ လို့ အားလုံးက လည်းပြောကြပါတယ်...ဒီသတင်းမှန်ကန်ကြောင်းပြောဖို့  ငါတို့ တွေ စုံစမ်းရမယ်.. ပေါ့..

ဒီလိုနဲ့ ပဲ မြန်မာများ စုဝေးရာ ပင်နီစိုးလား ပလာဇာကနေ စုံစမ်းကြပါတယ်...ဒါနဲ့ ပဲ မြန်မာဆိုင်တဆိုင် က ဒင်းတို့ နဲ့  ရင်းနှီးသောမိတ်ဆွေ များ ဘာညာရယ်လို့ ကြားသိရပါတယ်၊ ( အတိအကျ ကိုကိုယ်တိုင် မသိသောကြောင့် ထိုဆိုင်အမည်ကို မဖော်ပြလိုပါ.). ဒါနဲ့ ပဲ သူတို့ နေထိုင်တဲ့ နေရာကို စုံစမ်းလိုက်တော့ ဖြစ်နိုင်ပါတယ်.. မြို့ လယ်ခေါင်မှ အတော်ဝေးပြီး. လူပြတ်တဲ့ နေ့ရာဖြစ်သောကြောင့် ကျမတို့ အားလုံး စုံစမ်းရန် စီမံကိန်းစွဲကြပါတော့တယ်..

( ဂျိန်းစဘွန်း တီးလုံးကို စိတ်မှန်းနဲ့  နားထောင်ကြည့်လိုက်ပါ)

အင်း..ဒီလိုမျိုးနေရာဆိုတာ လိုင်းကားနဲ့ အုပ်စုလိုက်သွား ပြီး စုံစမ်းတယ် ဆိုတာ မကောင်းဘူး..
ဒါအပြင် ငါတို့ လို ဒီလိုစုံစမ်းသိရှိလိုသူကို ပဲ ငါတို့ နဲ့ အတူ ခေါ်သွားမယ်..
ငါတို့  က လမ်းမကျွမ်းဘူး...လမ်းကျွမ်းသူကို လည်း ဒီကိစ္စ ပေါက်ကြားလို့ မဖြစ်တာကို ပြောရမယ်.

(အမျိုးစုံ ကြိုးခုန်ပြီး ပြောကြ စဉ်းစားကြပေါ့.. တော်သေးတယ် ဘယ်သူမှ ဖြူဖြူကျော်သိန်းလို မျက်နှာဖုံးတပ်ဖို့  မပြောကြဘူး)

ဒါနဲ့ပဲရင်းနှီးတဲ့မိတ်ဆွေ(ကျွန်းကျွမ်းသူ..တောမဟုတ်..ကျွန်းဖြစ်သောကြောင့်ဖြစ်ပါသည်၊). ကံကောင်းချင်တော့ သူကလည်း ဒါမျိုးသိပ်လုပ်ချင်သူ ဆိုတော့ပိုပြီး အဆင်ပြေသွားသည်၊

သူ့ ကားလေးနဲ့ ပဲ ကျမတို့ ငါးယောက် မြို့ နှင့်ဝေးသော မြို့ သစ်သို့ ရောက်ခဲ့ ပါပြီ...

ကျမတို့  ပြောပြချင်သော ဇာတ်လမ်းက ဒင်းတို့ အုပ်စု ကို သွားရောက်စုံစမ်းခြင်း တခုတည်းသာဆိုလျှင် စိတ်ဝင်စားစရာကောင်းသော စုံထောက်ခြင်း တခု မဟုတ်ပါ၊ သို့ သော် မမျှော်လင့် သော ဇာတ်ကောင် (အခုတော့ ကျမတို့ မိတ်ဆွေ) ဒီဇာတ်လမ်းထဲ ၀င်ရောက်လာခြင်းသည် ကျမတို့ အတွက် မေ့မရနိုင်သော ဇာတ်လမ်း တပုဒ်ဖြစ်သွားခြင်းဖြစ်သည်၊၊

မှန်ပါသည်။ ကျမတို့ ရရှိထားတဲ့ သတင်းအရ သွားရောက်ခဲ့သည့်နေရာသည် လူချမ်းသာများသာ နေထိုင်နိုင်သည့် ရပ်ကွက်လေးဖြစ်သည်၊ လိုင်းကားဆိုလို့  ကားလမ်းမကြီးတွင် နံပါတ်တခုသာ ပြေးဆွဲပါသည်၊.ကားဂိတ်တစ်ခုနှင့်တစ်ခု အတော်ပင်ဝေးသည်၊၊ လုံးချင်းတိုက်လေး တွေသာရှိသည်။

ကျမ တို့  စုံထောက်အဖွဲ့  တွင် ပါဝင်သူတွေကလည်း ကိုယ်ဖျောက်ရမည်ဆိုလျှင် အတော်ပင် ဖျောက်ယူရမည့် ကိုယ်လုံးပိုင်ရှင် ကျမအပါအ၀င် နှစ်ဦး၊ ကျွန်းမုဆိုး နှင့် မျောက်မလေး တကောင်၊အလွန်တရာ မှ အလုပ်များသော ကြားမှ သတင်းရလို သော ကို မြစ်တစင်း တို့ ကလည်း အားတက်သရော ညနေဘက် နေ၀င်ချိန်တွင် စုံစမ်းခြင်းကို စ .ပါတော့သည်။

လမ်းသွယ်တခုခြင်း လိုက်ရှာ ကြည့်သည်။ အိမ်နံပါတ်များ ကို မှတ်သည်၊၊ ၀င်ထွက်သွားလာနေသော ကားနံပါတ်များ မှတ်သည်။ အိမ်များ၏ လူနေအခြေအနေကို ကြည့်သည်။ ကားပေါ် တွင်လည်း ကိုယ်ထင်ကြေး နှင့် ကိုယ် အငြင်းလည်းပွားလိုက်ကြသေးသည်။
သံသယရှိသော အိမ်ကို တွေ့ လိုက်ရသည်။ မြန်မာအမျိုးသမီးလို့ ထင်ရသော အမျိုးသမီး နှစ်ဦး အိမ်နောက်ဖေးတွင် စကားပြောနေသည် ကို ခြံအပြင်မှတွေ့ ရသည်။ ငါတို့ လမ်းလျှောက်ပြီး သေချာကြည့်မယ် ဟေ့.. သန္တာရွှေကြီး ဖြစ်နေအုန်းမယ်...ဒါနဲ့ ပဲ ကျမနှင့် ကျမ ညီမလေး မျောက်မလေး နဲ့  လမ်းလျှောက် အကဲခတ်သော်လည်း ဘာ မှမထူး..
အင်း တော်ပါပြီ.. နောက်တစ်ရက်ထပ်လာတာပေါ့...ပြန်ကြမယ်ဆို ပြီး .. လာလိုင်းအတိုင်း ပြန်ခဲ့ ပါတော့သည်။
(ဇာတ်လမ်းက အခုမှ စတာ)

အားလုံးကလည်း ကားပေါ်တွင် ကိုယ့်ထင်ကြေးများကို ပြောဆိုနေတုန်း လမ်းတွင် မထင်မှတ်ပဲ ကျမ တို့ ၏ အသိတစ်ယောက် လုပ်အားပေးသူတစ်ယောက် ကို ကျမတို့  မမကြီး က တွေ့ လိုက်သည်။

ဘာလို့ သူက ဒီနေရာကို ရောက်နေတာလဲ.. ဒီလို နေရာမျိုး ဒီအချိန်ကြီး ဘာလို့ ရောက်နေတာလဲ.. သူ ဒီိမှာ နေတယ်လို့  သိကြလား.. သူ့ က ဘယ်သူ့ သူငယ်ချင်းလဲ..သူ့ ကို ဖုန်းဆက်လိုက်မယ်.. ဒါနဲ့ ပဲ သူ့ ကို ဖုန်း ပြီး အလိုက်သင့်လေးမေးတော့ သူကလဲ အိမ်ပြန်နေသည် ဟု ပြောပါသည်။

ဒါနဲ့ ပဲ စပ်စုချင်ကြတာ.. သူ့ နောက်ခြေရာခံလိုက်ပြီး သူနှင့် ဒီနေရာ ဘယ်လို ဆက်နွယ်မှု ရှိသလဲ. ဆိုတာသိချင်လာပါတော့သည်။ဒေါ်ကြိုင်ကြိုင် တို့ ဘက် က သတင်းပေးလား.. ငါတို့ ကလဲ ဘာမှမဟုတ်..ဘာအတွက်ကြောင့် ဒီနေရာ က သူနှင့်ပတ်သက်နေပါသနည်း.. ဒါမှမဟုတ် ဒို့ အဖွဲ့ ထဲ က တယောက်ယောက်ကို များ.. အတွေးစုံသွားကြသည်၊ (ဒါကတော့ လမ်းပြကြယ် စာကြည့်တိုက် တွင် လုပ်အားပေးသူ အချင်းချင်း တယောက် အကြောင်း တယောက်သိကြပြီး လမ်းပြကြယ်အား တစုံတခု မကောင်းကြံရွယ်သူများ ရှိလျှင် လုပ်အားပေးသူများ က သတိပေး တားဆီးရမည် ဖြစ်သော မိမိတို့ ကိုယ်ပိုင် ခံစားချက် ဖြစ်သည်။)

သူ့ နောက် ခြေရာခံ လိုက်သော်လည်း မိမိတို့ က ကားလမ်းမ တွင် ကားကို ဖြေးဖြေးမောင်း လို့ လဲမဖြစ် .. ရုတ်တရက်ချည်း ကွေ့  ဖို့ လည်း အဆင်မပြေ.. ငါတို့ ဆင်းပြီး နောက်ယောင်ခံလိုက်ဖို့ ကလည်း ကားမောင်း သူနဲ့  ညီမ မျောက်ကလေး ကလွဲ လို့  ကျန်တဲ့ သူ ကို သူမြင်ဖူးသည်။ နောက်ယောင်ခံလိုက်တာ ကလည်း သေးသေးသွယ်သွယ် ကိုယ်လုံးနဲ့ သာ အဆင်ပြေတယ်ဆိုတော့ ကျမတို့ ကတော့ ဝေးဆွ။ ကားနဲ့  ယှဉ်လိုက် မိရင် ကားပေါ်မှ ကျမတို့ ကို သူ မြင်ရုံနှင့် မှတ်မိနိုင်သည်။ အကြံဥာဏ်တွေ ထုတ်နေရင်း အဲဒီ လမ်းမတွင် ပဲ သူ့ ကို ဘယ်လမ်းထဲဝင်သွား မှန်မသိ . လမ်းစပျောက်သွားပါတယ်။ထိုနေရာသည် ကမ်းခြေနှင့်နီးသောကြောင့် ကျမ နှင့် ကို မြစ်တစင်းတို့  ကမ်းခြေတွင်နေခဲ့ ပြီး ကျန်တဲ့သူ တွေက သူ့ ကို သွားရှာကြပါတယ်...

တဖြည်းဖြည်းနှင့် အချိန်က လည်း ည ၁၂နာရီ ကျော် လာသောကြာင့် ကားတွေကလည်း တစ်စီးစ..နှစ်စီးစ သာ လမ်းမပေါ်တွင် ရှိသည်။ ကမ်းခြေတွင် လည်း လူသိပ်များများ မရှိ။ ထို့ အပြင် မိမိတို့ နောက်တွင် မြန်မာစကားပြောနေသော အကို ကြီးများရှိသောကြောင့် သူများဖြစ်နေမလားဆိုပြီး ပုန်းချောင်းရသေးသည်။ ထိုနေရာတွင် လူသွားလူလာနည်းသောကြောင့် လှည့်လည်နေသော ရဲများလဲရှိသည်။ငါတို့ ကို မသင်္ကာမှု နဲ့ မေးမြန်းနေရင် ဒုက္ခ..။ ဒါနဲ့ ပဲ ကျွန်းမုဆိုး တို့ လဲ ရှာ၍ မတွေ့ လို့  ပြန်ရောက်လာသည်၊ သူ့ အားရှာမတွေ့  ၊၊ အချိန်ကလည်းအတော်နှောင်းခဲ့ သည်။ ဒီလို နဲ့ ပဲ ကျမတို့ လည်း အိမ်ပြန်လမ်း ကားပေါ်တွင် ကိုယ့်အထင် တွေပြောကြ .. ငြင်းကြ.. နဲ့ ဘာကြောင့် ဒေါ်ကြိုင်ကြိုင်တို့ ရှာတာ ငါတို့ သူငယ်ချင်း ကို စုံထောက် လုပ်စရာ ဖြစ်သွားတာလဲ.. ပြောကြရင်း....

(ထိုနေ့ က အဖြစ်အပျက်လေးသည် ကျမတို့  အတွက် မမေ့နိုင်စရာ သည်းထိတ်ရင်ဖို ဇာတ်လမ်းလေးဖြစ်ခဲ့သည်။ အခုတော့ လည်း ဇာတ်လမ်းထဲက ကျမတို့ သူငယ်ချင်း. အားတက်သရော လမ်းပြကြယ်တွင် လုပ်အားပေးခဲ့သော.. ပွဲတိုင်းလိုလို ပါဝင်လှုပ်ရှားခဲ့သော .. ဒေါ်ကြိုင်ကြိုင်မှ အစပြု ပြီး ပိုရင်းနှီးလာသော ချစ်သူငယ်ချင်းအား သတိတရ အဖြစ် သူမသိသေးတဲ့ ဒီပို့ စ် ကို ရက်တွေ့ ရွှေ့ ရွှေ ပြီးရေးနေတာ အခုတော့ အဆုံးသတ်ခဲ့နိုင်ပါပြီ။)


Read More......

ပြည်တွင်းဖြစ်နိုင်ငံခြားသား ကိုရွှေဗမာများသို့

ရေးသူ- လူထုစိန်ဝင်း

´´ ကျွန်တော်တို့ စိတ်ဓာတ်တွေ အများကြီး ပြင်မှကို ဖြစ်မယ်ခင်ဗျ။ သူများတွေနဲ့ အများကြီး ပြတ်ကျန်နေရစ်ပြီ``

စင်ကာပူမှာ ဆယ်နှစ်ကျော်သွားပြီး အလုပ်လုပ်နေခဲ့တဲ့ ကျောင်းသားဟောင်း တယောက် ခေတ္တပြန်လာတိုင်း၊ ကန်တော့နှုတ်ဆက်ရင်း ပြောလိုက်တဲ့ စကားဖြစ်ပါတယ်။ ဟိုနိုင်ငံ ဒီနိုင်ငံတွေက ပြန်ရောက်လာတဲ့ လူတိုင်းပြောမြဲ စကားမို့ မဆန်းတော့ပါဘူး။

ဘ၀င်လေဟပ်သူတွေရဲ့စကား

စိတ်ဓာတ်တွေ ပြင်ရမယ်လို့သာ ပြောတာ။ ဘာစိတ်ဓာတ်မျိုးတွေ ပြုပြင်ရမှာလဲ လို့တော့ တိတိကျကျ မပြောပါဘူး။ နိုင်ငံခြားပြန်တွေ ပြောနေကျ စကားတွေ ကြားရဖန်များလို့ ရိုးတောင်နေပြီ။
´´ မြန်မာတွေပျင်းတယ်``
´´မြန်မာတွေညံ့တယ်၊ ဖျင်းတယ်``
´´ မြန်မာတွေ စည်းကမ်းမဲ့တယ်``
´´ မြန်မာတွေ ကြိုးစားအားထုတ်မှု မရှိဘူး`` စတဲ့စတဲ့ အပေါ်စီးက ကြည့်တဲ့လေသံနဲ့ ပြောစကားမျိုးတွေ ဖြစ်ပါတယ်။


နွားနဲ့ရုန်းနေတာ ပျင်းတာလား
.


မန်မာတွေ ပျင်းတယ်ဆိုတာ ဘယ်သူတွေကို ကြည့်ပြီး ပြောတာလဲ။ မနက်အရုဏ် မလာခင်ထ၊ ထွန်ထယ်ကို ထမ်းပြီး လယ်ထဲဆင်း၊ တနေ့လုံး နေပူကြီးထဲမှာ နွားနဲ့အတူ ရုန်းအလုပ်လုပ်၊ ညနေ၊ နေ၀င်ရီသရောမှ အိမ်ကို ပြန်ရတဲ့ မြန်မာနိုင်ငံရဲ့ ၈၀ ရာနှုန်း လောက်ရှိတဲ့ လယ်သမားတွေကို မြင်ဖူးကြလို့လား။ ခရီးသွားတဲ့အခါ အဝေးပြေး လမ်းမကြီး တွေ မှာ လမ်းခင်းလမ်းပြင် လုပ်နေကြတဲ့ မြေတူး ကျောက်ထု လုပ်နေကြတဲ့ မိန်းမ၊ ယောက်ျား အလုပ်သမားတွေကိုတော့ မြင်ဖူးကြမှာပါ။ ခြစ်ခြစ်တောက် ပူလောင်နေတဲ့ လမ်းတွေပေါ်မှာ မျက်နှာလေးတခုပဲ ဖော်ထားပြီး တခေါင်းလုံးပုဆိုးနဲ့ ပတ်ရင်း အလုပ်လုပ် နေရှာကြတယ် မဟုတ်ပါလား။ သူတို့ ခြေထောက်တွေမှာ ဖိနပ်တောင် မပါကြပါဘူး။ မြို့ရွာနဲ့ အလှမ်းဝေး ကွာတဲ့ နေရာများမှာဆိုရင် လမ်းဘေးမှာပဲ သစ်ခက်တဲနန်းထိုးပြီးနေကြ၊ ချက်ပြုတ် စားကြရ တာပါ။ ဒီလူမျိုးတွေကို ပျင်းသတဲ့လား။

တီထွင်လုပ်တတ်တဲ့လူတွေ

နောက်ပြီးတော့ မြို့တွေရွာတွေ သန့်ရှင်းမှုအားနည်းတာ၊ လမ်းပေါ်အမှိုက်ပစ်တာ၊ ကွမ်းတံတွေးထွေးတာ စတာတွေနဲ့ ပတ်သက်ပြီး မြန်မာတွေ စည်းကမ်းလုံးလုံး မရှိဘူးလို့ အပြစ်ပြောကြတာ ရှိသေးတယ်။ စင်ကာပူများ သိပ်သန့်ရှင်းတာပဲလို့လည်း ခဏခဏ ပြောကြတယ်။ စင်ကာပူက လမ်းထောင့်တိုင်းမှာ ယူနီဖောင်းဝတ်ရဲတွေ စောင့်နေကြပြီး စည်းမဲ့ကမ်းမဲ့ လမ်းဖြတ်ကူးသူတွေ၊ အမှိုက်ပစ်ချသူတွေကို ချက်ချင်းဖမ်း ဒဏ်ရိုက်လုပ်တာ တွေကျတော့ ထည့်မပြောကြဘူး။ ဘယ်နိုင်ငံက ဘယ်လူမျိုးမဆို ပညာအခြေခံ နည်းပြီး စိတ်ယဉ်ကျေးမှု နိမ့်ကျသူတိုင်းဟာ ``ပြည်သူ့နီတိ´´ ကို လစ်လျူရှု တတ်ကြပါတယ်။ ``ထွီ၊ ထွမ်´´ နဲ့ လူရှေ့သူရှေ့မှာ တံတွေးထွေးတဲ့နေရာမှာတော့ အရှေ့တိုင်းက လူဝါတွေလောက်ဆိုး တာ ဘယ်မှာမှ မတွေ့ဖူးပါဘူး။ သူတို့နဲ့စာရင် မြန်မာတွေက အများကြီးယဉ်ကျေးပါတယ်။
မြန်မာတွေက ရေသာခို အချောင်လိုက်စိတ် သိပ်ကြီးမားတယ်။ ကြိုးစားပမ်းစား မလုပ်ချင်ဘူးလို့လည်း စွပ်စွပ်စွဲစွဲ လုပ်လေ့ရှိကြတယ်။ နိုင်ငံခြားရောက် မြန်မာလူငယ်လေးတွေ အများစုဟာ နေ့အလုပ်၊ ညအလုပ် နှစ်ခုလုပ်ပြီး တပင်တပန်း ပိုက်ဆံရှာ နေကြတာတွေကို မမြင်လို့လား၊ တချို့များဆို အိပ်ရာဝင်တာတောင် အလုပ်ကပြန်တဲ့ အ၀တ်အတိုင်း ဖိနပ်တောင် မချွတ်ဘဲ ၀င်ကြရပါတယ်။ မနက် အချိန်ကျတာနဲ့ အိပ်ရာထဲကတန်းပြီး အလုပ်ကိုပြေးနိုင် အောင် အဆင့်သင့် လုပ်ထားရတာလေ။ မြန်မာတွေ ကြိုးစားသလား။ မကြိုးစားဘူးလား သိချင်ရင် သူများနိုင်ငံတွေမှာ လုပ်ခပေးသလိုပေးပြီး ခိုင်းကြည့်လိုက်စမ်းပါလို့ ပြောလိုက်ချင် တယ်။
မြန်မာတွေဟာ မပျင်းပါဘူး။ မညံ့ပါဘူး။ ဖျင်းလည်း မဖျင်းပါဘူး။ နိုင်ငံခြားသွားပြီး ပညာသင်တဲ့သူတွေ အားလုံးနီးပါးဟာ သူတို့ သင်ယူတဲ့ ပညာရပ်ကို ကောင်းကောင်းသင်ယူ နိုင်ကြတာချည့်ပါ။ စာမလိုက်နိုင်လို့ ပြန်လာရတယ် ဆိုတာ မရှိသလောက်ပါ။ ဘိလပ်သွားပြီး MRCP တို့၊ FRCS တို့လို ဘွဲ့တွေသွားသင်ယူတဲ့ ဆရာဝန်တွေ၊ စာမလိုက်နိုင်လို့ ပြန်လာရတယ်ဆိုတာလည်း မရှိသလောက်ပါပဲ။ မြန်မာလူမျိုးတွေဟာ လူသာဆင်းရဲချင် ဆင်းရဲမယ်။ ဥာဏ်ရည် ဥာဏ်သွေးမှာတော့ မဆင်းရဲပါဘူး။ အခွင့်အရေးရရင် ရသလို ဘာမဆိုဖြစ်အောင် လုပ်နိုင်ပါတယ်။

ကိုရွှေဗမာတွေ

မြန်မာတွေညံ့လို့ မတိုးတက်တာ၊ မြန်မာတွေ သိပ်ပျင်းတာ၊ သိပ်ဖျင်းတာလို့ ပြောကြသူများဟာ နိုင်ငံခြားမှာ အလုပ်လုပ်နေကြတဲ့ ´´ ပြည်တွင်းဖြစ် နိုင်ငံခြားသား`` ကိုရွှေဗမာများသာ ဖြစ်ကြပါတယ်။ ကိုယ်တိုင်ဘာလုပ်နေကြတယ် ဆိုတာတော့ ပြန်မကြည့် ဘဲနဲ့ ပြည်တွင်းမှာ ရှိနေကြတဲ့ သူတွေကို စွပ်စွပ်စွဲစွဲ အရှက်မရှိ ပြောနေကြတာဖြစ်တယ်။ မြန်မာနိုင်ငံလောက် သယံဇာတ ပေါကြွယ်ဝတဲ့ နိုင်ငံ၊ အာရှတိုက် တတိုက်လုံးမှာ မရှိပါဘူး။ စားစရာအတွက်၊ နေစရာအတွက်၊ ၀တ်စရာအတွက် ဘာမှပူစရာမရှိပါဘူး။ ပြည်တွင်းမှာ လုံလုံ လောက်လောက်ရှိတယ်။ နောက်ပြီးတော့ ရေနံ ဓာတ်ငွေ့တွေလည်း ထွက်တယ်။ တခြား ဓာတ်သတ္တုမျိုးစုံနဲ့ ကျောက်သံပတ္တမြားတွေလည်းပေါတယ်။ ဒီသယံဇာတ ပေါကြွယ်ဝတာ တွေကို ခေတ်မီနည်းပညာတွေ အသုံးချပြီး ထုတ်ယူသုံးစွဲကြရမှာ မဟုတ်လား။ ရောင်းဝယ် ဖောက်ကားကြရမှာ မဟုတ်လား။

သတိပေးလိုက်ချင်တယ်

အခုတော့ အဲဒီလိုလုပ်ရမယ့် နိုင်ငံ့အညွန့်အဖူးတွေ၊ တိုင်းပြည်ရဲ့ ဦးနှောက်တွေက နိုင်ငံရပ်ခြားတိုင်းပြည်တွေအတွက်သွားပြီး အလုပ်လုပ် ပေးနေကြတယ်လေ။ မြန်မာနိုင်ငံက သင်ပေးလိုက်တဲ့ ပညာတွေနဲ့ သူများနိုင်ငံတွေ သွားအလုပ် လုပ်ပေးနေကြတာ အခြေအနေ အရ အခိုက်အတန့်အဖြစ် ကိုယ့်အကြောင်းနဲ့ကိုယ် သွားရောက် လုပ်ကိုင်နေကြရတာကို နားလည်နိုင်ပါတယ်။ အပြစ်မတင်ပါဘူး။ ဒါပေမယ့် ဘယ်မှမသွားဘဲ ကိုယ့်တိုင်းပြည်မှာ ကိုယ်နေပြီး တက်စွမ်းသလောက် ကိုယ့်အား ကိုယ့်အင်နဲ့ ကိုယ့်တိုင်းပြည်အတွက် ကြိုးစား ရုန်းကန်နေတဲ့သူတွေကိုတော့ ပျင်းတယ်၊ ဖျင်းတယ်၊ စည်းကမ်းမဲ့တယ်၊ ရေသာခိုတယ် စတဲ့ စွပ်စွဲမှုတွေနဲ့ ပုတ်ခတ်စော်ကားမလုပ်ကြဖို့တော့ သတိပေးလိုက်ချင်ပါတယ်။

လူထုစိန်ဝင်း
(၃.၉.၂၀၀၈ ရက်နေ့ထုတ် Weekly Eleven အတွဲ(၃)၊ အမှတ် (၄၆) စာ-၂၀ မှ လူထုစိန်ဝင်း၏ ဆောင်းပါးအား ကူးယူ ဖော်ပြသည်)
.

Read More......

ဦးဆောင်ခြင်းသည် ခေါင်းဆောင်ခြင်း မဟုတ်


.




ကျမ တို့ လဲ မိမိနိုင်ငံ အတွက် ခေါင်းဆောင်ကောင်းမဖြစ်ရင် တောင် ဦးဆောင်နိုင်သူ ဒါမှမဟုတ် ကျမတို့ လေးစားရတဲ့ ခေါင်းဆောင်ရဲ့  နောက်လိုက်အဖြစ်ဆိုရင်လဲ နောက်လိုက်တဦး ရှိသင့်တဲ့ အရည်အချင်း တွေ လဲ ရှိအောင် ကြိုးစားထားဖို့ လိုနေပြီ....

Read More......

ဗိုလ်ချုပ်အောင်ဆန်း

အရပ်ပုပု
မျက်မှောင်ကုတ်ကုတ်
ပိုသီပတ်သီ အညာသား။

ဘီအေကျောင်းသား
စကားမပြော
ပြောရင်မရပ်
ညှင်းသိုးသိုး အရိုးခံ
ခေါင်းအမာဆုံး
ဇွဲအရှိဆုံး
စိတ်ဓာတ်အပြင်းထန်ဆုံး လူသား။.

သူမသိ နားမလည်တာတွေကအများသား
ရေမကူးတတ်ဘူး
စက်ဘီးမစီးတတ်ဘူး
စန္ဒရားမတီးတတ်ဘူး
သီချင်းကောင်းကောင်း
နားမထောင်ခဲ့ရဘူး
မိန်းမ မပိုးတတ်ဘူး။

ဘိလပ်ပြန်သန်းကို မေရှင့်သီချင်း ဆိုခိုင်းခဲ့သူ
ချစ်ရတဲ့နာစ့်မလေးကြည်ကို လူငှားနဲ့ ပိုးခဲ့ရသူ
ဗွီအိုင်ပီဆိုတဲ့ စာတန်းကို အလွန်စက်ဆုပ်ရွံရှာသူ
လမ်းဘေးမှာ ကျောက်ကျောရေသောက်တဲ့ ၀န်ကြီးချုပ်
မင်္ဂလာဆောင်မှာ ခဲဖိုးတောင်းတာ နားမလည်တဲ့သူ။

လွတ်လပ်ရေးကိုစဉ်းစားရင်း စစ်ဖိနပ်ပြောင်းပြန်စီးတဲ့သူ
လွတ်လပ်ရေးကိုစဉ်းစားရင်း ဆံပင်ညှပ်မပြီးခင် ထထွက်သွားတဲ့သူ
တွေ့ချင်လွန်းလို့ လမ်းမှာတားတဲ့ ရွာသားတွေနဲ့
အတူလမ်းဘေးမှာအကြော်စားတဲ့ ၀န်ကြီးချုပ်
သူ့ ကိုယ်သူ ပြည်သူတစ်ယောက်အဖြစ်ခံယူတဲ့ ၀န်ကြီးချုပ်-
ကြည်... ပဲပြုတ်နဲ့ နံပြားရရင် စားချင်တယ် - ဆိုတဲ့
မိန်းမကို မနက်စာပြင်ခိုင်းတဲ့ သူ့ ရဲ့ ကမ္ဘာကျော်စာ။

ဗိုလ်ချုပ်အဆင့်ရဲ့ အမှားနဲ့ သာမန်ရဲဘော်အဆင့်ရဲ့ အမှန်ကို
ကွဲကွဲပြားပြားသိတဲ့သူ
လူငယ်ဘ၀၊ လူ့ ဘ၀ရဲ့ စည်းစိမ်အရသာတွေ
ခံစားဖို့ အချိန်မရခဲ့တဲ့သူ
သူ့ ဖြတ်သန်းမှုမှာ
လွတ်လပ်ရေးဆိုတာတစ်ခုတည်းနဲ့
ပကတိရိုးရှင်းသန့်စင်ခဲ့တဲ့သူ
သူ့ကို
ဒဂုန်တာရာက ကင်ပွန်းတပ်
အောင်ဆန်း သို့မဟုတ် အရိုင်းတဲ့။

လုပ်သက်က ခပ်နုနု
ကျောင်းသားပေါက်စ
သခင်ပေါက်စ
စစ်သားပေါက်စ
နိုင်ငံရေးသမားပေါက်စ
ဘ၀တွေက အဖုံဖုံ
အသက်က ၃၀ မရှိတရှိ။

ဒီအောင်ဆန်း လက်တောက်လောက်လေးကို
ဘာ့ကြောင့်
နေမ၀င်အင်ပါယာကြီး ဒူးထောက်ခဲ့ရပါသလဲ...။

တကယ်ဆိုတော့
ငါတို့အောင်ဆန်းက
နယ်နယ်ရရမဟုတ်
-ရိုးသားတဲ့မြန်မာတွေထက်
ပိုရိုးသားတဲ့အောင်ဆန်း
သတ္တိပြောင်တဲ့ မြန်မာတွေထက်
ပိုသတ္တိရှိတဲ့ အောင်ဆန်း
စွန့်လွှတ်ရဲတဲ့ မြန်မာတွေထက်
ပိုစွန့်လွှတ်ပြတဲ့ အောင်ဆန်း၊
ဒီလိုအောင်ဆန်း
သူ့ သွေးသားအရိုးအချဉ်တွေအားလုံး
လွတ်လပ်ရေးတစ်ခုတည်းနဲ့အပြီး
စုစည်းတည်ဆောက်ပြတဲ့ အောင်ဆန်း
တကယ့်အရိုးခံ အောင်ဆန်းပေါ့။

ဒီအောင်ဆန်းကို
လွတ်လပ်ရေးလမ်းဝမှာ ဘွားကနဲ မြင်လိုက်ရရုံပဲ
အောင်ဆန်းရဲ့ ဆရာတွေ မှိုင်း၊ မြ၊ ချိုတို့ကအစ
- ငါတို့ အားကိုးပါရစေ - ဆိုလာကြ၊
ရှေးဘိုးဘွားမိဘပြည်သူတွေက
- ငါတို့ ကိုကယ်မယ့် မင်းလောင်းပေါ်ပြီ - ပြုံးပျော်ကြ
လူငယ်သွေးသောက်မြန်မာတွေက
- ငါတို့ စွန့်ပါရစေ - ဆိုပြီး ရှေ့ထွက်လာကြ
စုကြ၊ ရုံးကြ၊ စည်းလုံးကြ။

တကယ့်ဗမာတွေ
မဟာအောင်ဆန်းအနောက်က
ပြည်သူ့ ဒီလှိုင်းလုံးကြီးတွေရဲ့
တ၀ုန်းဝုန်း ရိုက်ခတ်သံဟာ
အဲဒီအချိန်က ၀ိတိုရိယဘုရင်မကြီးကိုတောင်
အိပ်မက်တွေ အေးခဲစေခဲ့သပေါ့။

အောင်ဆန်းရှေ့ ရောက်ရင်
ရှမ်းတွေက ရှမ်းစကားမဆိုကြ
ကချင်တွေကလည်း ကချင်စကားမဟကြ
အောင်ဆန်းကို ယုံကြည်စွာနဲ့
သူတို့ သခင်အဖြစ် သိမှတ်ပြုကြ
အားလုံးသော တိုင်းရင်းသားတွေ။

ဒီပြည်လုံးကျွတ်အားကို
စုစည်းနိုင်ခဲ့လိုလည်း
အင်္ဂလိပ်တွေက ဒီအောင်ဆန်းလက်တောက်လောက်နဲ့
တစ်စားပွဲထဲ ၀ိုင်းခဲ့ကြပေါ့
အကင်းပါးသူတွေပီပီ
မတိုက်မီက ရှုံးနေတဲ့ ဒီစစ်ကို
ဒင်းတို့ မတိုက်ဝံ့ကြ
မျက်နှာမပျက် အောင်မြင်စွာ ဆုတ်ခွာမယ့်လမ်းကို
သူတို့ ရွေးခဲ့ကြ
အောင်ဆန်းနဲ့အတွေ့ မှာ။

ယုံကြည်အားကိုးတဲ့ မျက်လုံးပေါင်း သန်း ၆၀
အောင်ဆန်းမှာ ရှိတယ်
လွတ်လပ်ရေးကို တရှိုက်မက်မက်တောင့်တတဲ့ နှလုံးသားသန်း ၃၀
အောင်ဆန်းမှာရှိတယ်
အောင်ဆန်းသေဆို သေပြ၀ံ့တဲ့သူ
အောင်ဆန်းမှာ တပြည်လုံးရှိတယ်
ဒီ မျက်လုံးနှလုံးအသက် ဗို့ အားသိန်းသန်းချီ မီးဆလိုက်အားတွေနဲ့
နေမ၀င်အင်ပါယာကို ပြတ်ပြတ်သားသား လှမ်းထိုးလိုက်တဲ့အခါ
အခြောက်တိုက် ဘ၀င်မြင့်နေသူတွေ
အားလုံး အရည်ပျော်သွားခဲ့ကြ။

ဘယ်ရာဇ၀င်မှာ ခင်ဗျားတို့ တွေ့ ဘူးလဲ။
ဂျပန်ဆိုတာ မနူးမနပ်မဟုတ်ဘူး။
အင်္ဂလိပ်ဆိုတာက ဝေလာဝေး
သူငယ်နှပ်စားမဟုတ်။
ဒင်းတို့တွေတောင် ရအောင် စည်းရုံးနိုင်တဲ့သူ
အောင်ဆန်း။

ဒီအောင်ဆန်းက စစ်ကို မလို
ဒါပေမဲ့

ရရင်ရ မရရင်ချ ဆိုတာ အောင်ဆန်းဝါဒ
လွတ်လပ်ရေးကို အမြန်ဆုံးလိုချင်နေတဲ့
အဲ့ဒီအချိန် ပြည်သူတွေရဲ့ တစ်ဦးတည်းသော ကိုယ်စားလှယ်
ငါတို့ အောင်ဆန်းပေါ့။

အောင်ဆန်း
ဒီအချိန်ဆို
၉၃ နှစ်ရှိပြီ
အောင်ဆန်းပြောမယ်
အဘိုးရဲ့ စကား နားထောင်...။

- မမေ့နဲ့
မင်းတို့
ကနေ့ ရှူနေတဲ့ လေဟာ
ငါတို့
မနေ့က ချွေးစက်တွေဆိုတာ၊
မမေ့နဲ့
မင်းတို့
မြန်မာဆိုတဲ့ စကားတစ်ခွန်းကိုရဖို့
ငါတို့
ဘုံးဘောလအော ကျဆုံးပေးခဲ့ရတာ၊
မမေ့နဲ့
မင်းတို့
ကမ္ဘာ့မြေပုံပေါ်တက်နိုင်ဖို့
ငါတို့
အလောင်းကောင်တွေဆင့်ပြီးထမ်းတင်ပေးခဲ့တာ
မမေ့နဲ့။

မြန်မာလူမျိုးတိုင်းမှာ
အဖေနှစ်ယောက်ရှိတယ်
တစ်ယောက်က
ကိုယ့်သွေးသားအဖေ

ကျန်တစ်ယောက်က
မြန်မာလူမျိုးကို မွေးပေးတဲ့အဖေ
မြန်မာလူမျိုးရဲ့ အဖေ
မြန်မာ့အဖေ
အောင်ဆန်းပေါ့။

ကျုပ်အဖေနဲ့အဖိုးဟာ အောင်ဆန်းသားတွေ
အောင်ဆန်းက ကျုပ်အဖိုး
ကျုပ်သားက အောင်ဆန်းရဲ့ မြစ်ပေါ့
သူ့ အဘိုးကို သူ လွမ်းတတ်နေပြီ
သူ့ သားကျရင်လဲ သူ့ အဘေးနဲ့
ပေးတွေ့ နိုင်ဖို့
အခုကတည်းက အသေအချာ
ကျုပ် မှာထားရအုံးမယ်။

(ဗိုလ်ချုပ်အောင်ဆန်းအမှတ်တရ။ ရေးသားသူ - icy)။
http://burmainfokorea.blogspot.com မှကူးယူထားပါသည်။

Read More......

နစ်မျောနေသော အတွေးများ

အတွေးတွေ ကို လွတ်လပ်စွာ အမိအရ လိုက်ဖမ်းနေမိသည်၊ ငယ်ငယ်က ဆပ်ပြာနှင့်ရေ ရောပြီး လက်သီးဖွဖွဆုပ် ဖြေးဖြေးကလေး လျော့ကာ ဆော့ကစားခဲ့ သည့် ဆပ်ပြာဘူဖောင်းလေးများလို တချို့ လဲ အောင်မြင်တဲ့ ဘူဖောင်းလေးတွေ ပေါ့ တချို . လဲ လက်ထဲမှာတင် ပျောက်သွားတယ်..

အတွေးတွေ တော့ လူတိုင်းအားလုံးချမ်းသာသည်၊ ဘာတွေ ဘာလို ဘယ်နှစ်ခါတွေးလဲ မသိ..
မကြာသေးမီ အချိန်ကပင် ကော်ဖီတခွက် သောက်နေတုန်း အတွေးတွေတောင် ၀င်ခဲ့သည်၊ ကော်ဖီ က ရေကြဲသွားတော့ သိပ်ပြီး အရသာမရှိ. နောက်တခါ ဖျော်လျှင် ရေနည်းနည်းလျော့ထည့်. အခု ၀ယ်ထားတဲ့ ကော်ဖီမစ် နဲ့ အရင်က ၀ယ်သောက်ခဲ့တဲ့ ကော်ဖီမစ် ကွာဟချက်.. ဟူး.. အတွေးနောက်လိုက်ရတာ အရူးနောက်လိုက်ရသလိုပဲ...
မနေ့ က ဒီအရူးနောက်လိုက်ခဲ့ တဲ့ နေရာတွေ မပြောနဲ့ တော့ ဒီမနက်လေးတင် ဘယ်တွေရောက်ခဲ့မှန်းမသိ.
မတွေးဘဲနေအောင် အလုပ်.တခုခု. လုပ်နေတော့လဲ..လုပ်နေတဲ့ အရာကနေဆက်နွယ်ပြီးတော့ ဆက်တွေးပြန်ရော.. အတော်ပင် အတွေးများတာပဲ..

ဒါပေမယ့်.. စွဲလမ်းစေတဲ့  အတွေးလေးတွေလဲရှိတယ်...
သူငယ်ချင်း တယောက်ကို ပြောပြတယ်.. ဆွေးနွေးကြည့်တယ်.. ပြင်စရာရှိတာ ထပ်ပြီး ပို ပြီး အသက်ဝင်လာအောင်ထပ်ပြီး တွေးပြီးမွမ်းမံကြည့်တယ်..
နောက်တယောက်ကို ထပ်ပြီး ပြောပြတယ်..ဆွေးနွေးတယ်...
ဒီလိုနဲ့  အတွေး သံသရာ ကနေ တကယ့်လက်တွေ့ အရောင်းဈေးကွက်ထဲ ကို ၀င်လာမယ့် အတွေးသစ်ရောင်းဝယ်ရေး ပေါ့...
အောင်မြင်နိုင်မယ့်အတွေးတွေကတော့ တကယ့် လက်တွေ့ ဝန်းကျင်မှာ အသက်ဝင်လာတော့တာပဲ.
ကျမတို့ လဲ များများတွေးမယ်...အတွေးတွေ များတော့ ပြောစရာတွေများလာမယ်..အောင်မြင်မှုတွေ နဲ့ ရင်းနှီးလာမယ်..
ကဲ ..တွေးလိုက်စို့ ..

Read More......

လမ်းပြကြယ် မှ အဝေးရောက် ချစ်သူအတွက်

အကြောင်းအမျိုးမျိုး ကြောင့် အဝေးတနေရာ ကို ရောက်သွားပေမယ့် ...
စိတ်ဓာတ်တွေ မယိုင်လဲ စေနဲ့  သူငယ်ချင်း ...
ကမ္ဘာ ကြီးက ကျဉ်းပါတယ်...
လက်နှစ်ဖက် နဲ့  မကူ နိုင်ပေမယ့် ...
မင်းရဲ့  စိတ် အင်အား တွေ ကိုတော့ လမ်းပြကြယ် ကို ခံစားစေနိုင်ပါတယ်...

Read More......

စင်္ကာပူမြန်မာများ ပိုင်ဆိုင်ထားသည့် လမ်းပြကြယ်စာကြည့်တိုက်

စင်္ကာပူမြန်မာများ ပိုင်ဆိုင်ထားသည့် လမ်းပြကြယ်စာကြည့်တိုက်

လူများတန်းစီနေ ကျသည်။ ကောင်တာတခုတည်းမဟုတ်။ အခန်းကျဉ်းလှသော်လည်း ငှားခအတော်ပေးငှားရသည့် မြို့ လည်ခေါင်နေရာတနေရာဖြစ်သည်။ သို့ သော် အအေးစက်များ လုံလောက်စွာ တတ်ဆင်ထားသောကြောင့် လူများနေသော်လည်းအတော် စိတ်ချမ်းသာလှသည်။

စနစ်တကျ စီစဉ်ထားသည့် ကောင်တာ များသို့  စီတန်းရာနေရာတွင် စက်အသုံးပြုနည်းများ၊ စည်းကမ်းချက်များ၊ နံရံကပ် စာစောင်များ၊ပိုစတာများ၊ပန်းချီများ ကို သေသပ်စွာ ချိတ်ဆွဲထားသည်။ ထို့ အပြင် နံရံ ကပ်မြင်ကွင်းကျယ် တီလီဗေးရှင်းများ မှ နောက်ဆုံး သတင်း များ နှင့် အတူ ပြည်ပ မြန်မာ အသံလွှင့်ဌာန အစီအစဉ်များကိုပါ တပြေးညီ ထုတ်လွှင့်နေသည်။
.

မြန်ဆန်လှသည့် ၀န်ဆောင်မှု ၊ အခန်းထဲမှ စွဲဆောင်မှု များကြောင့် မိမိအလှည့်ရောက်သည့် တိုင်အောင် အတော်ပင် အချိန်တိုလှသည် ဟုထင်မိသည်။

နည်းပညာများ တိုးတက်နေသည့်ခေတ်တွင် နေရာ အနှံ့  Touch Screen တွေ က အသုံးများနေသည်။ မိမိ မှာ အသင်းဝင် အသစ်ဖြစ်နေသော ကြောင့် အသင်းဝင်အသစ်နေရာ ကို လက်ညှိုးဖြင့် တို့ လိုက်သည်။ အလိုအလျောက်တတ်ဆင်ထားသော ကင်မရာမှ ဓါတ်ပုံ ရိုက်ကူးယူ ပြီး မျက်နှာ အတွင်း ထင်ရှားသော အမှတ်အသားအား အသေးစိတ် မှတ်သားထားလိုက်သည်။ ထို့ အတူ လက်မ နေရာ အား လက်ဗွေရာ ကူးယူရန် လက်မအား ထားစေရန် ပုံ နှင့်တကွ ညွန်ပြထားသည်။ လက်ဗွေရာ ကူးယူပြီးသည်နှင့် တပြိုင်နက် အသင်းဝင်တယောက်ဖြစ်ပြီဖြစ်ကြောင်း နှင့် အသင်းဝင်ကြေး အား ပေးရန်အတွက် Nets, Cash, Visa, Master ရွေးချယ်ရန် စက်မျက်နှာပြင်တွင် ပေါ်လာသည်။

အသင်းဝင်ကြေးပေး ပြီးနောက် ငှားလိုချင်သော စာအုပ်အား ရွေးချယ်ရန်အတွက် စာရေးဆရာ အလိုက် ဖော်ပြထားသည့် ဇယားထွက်ပေါ်လာသည်။ မိမိကြိုက်နှစ်သက်သည့် စာအုပ်အား လက်ညှိုးဖြစ် ထိလိုက်ယုံ ဖြင့် ရွေးချယ်နိုင်ပြီး စာအုပ်မျက်နှာဖုံး နှင့် စာအမျည်းကို ပါ မြင်တွေ့ ဖတ်ရှုနိုင်သည်။ ငှားယူလိုပါက ငှားယူရန် ဆိုသည့် နေရာကို ထိလိုက်ပြီးသည့် အခါတွင် မိမိရွေးချယ်ထားသည့် စာအုပ်ထွက်လာသည်။ စာအုပ် ထွက်လာသည့် နေရာတွင် စာအုပ်ထည့်ယူသွားရန် လုပ်ငန်းရှင်များမှ ကြေငြာထားသည့် အိတ် များကို ယူသွားနိုင်သည်။ စာအုပ်တွင် မမြင်နိုင်အောင် ကပ်ရှိထားသော အသေးငယ်ဆုံး Electronic Microchip ပါရှိသည်။ ထို Microchip တွင် မိမိ အချက်အလက်များ အား မှတ်သားထား သည့်အပြင် GPS ဖြင့် စာအုပ်ရောက်ရှိနေသည့်နေရာ ကို ပင်မထိန်းချုပ်ရေးမှ သိရှိနိုင်သည်။

အခန်းအတွင်းတွင် စာအုပ်များ ကို အလိုအလျောက် ပြန်လည် နေရာချ နေသော စက်ရုပ်လက်ကြီးများရှိသည်။ ပြန်အပ်ထားသော စာအုပ်များကို ထားရှိသော စာအုပ်ပုံးထဲမှ စာအုပ်များ ကို Conveyor မှ ရေးဆွဲထားသော Program အတိုင်း နေရာတကျ လုပ်ဆောင်ပေး ကာ ပင်မ ထိန်းချုပ်ရေး သို့  သတင်းပေးပို့ နေသည် ။

ထို့ အပြင် စာဖတ်ဝါသနာများနှင့် စေတနာ လုပ်အားရှင် များက စာကြည့်တိုက် အထူးကောင်တာ တွင် စာအုပ်များ လှူဒါန်းနေသော အလှူ့ ရှင် များအား ကျေးဇူး စကားများပြောဆို နေကြသည်။ စာကြည့်တိုက်တွင် အဝေးရောက် စာဖတ်ဝါသနာရှင်များ အားလုံး ကိုယ်ပိုင်စာကြည့်တိုက်ဖြစ်သောကြောင့် အားလုံးက အားတက်သရော လာရောက်လှူ ဒါန်းကြသည်။ နေ့ စဉ် ရရှိသော အလှူ ငွေများကြောင့် စာကြည့်တိုက် နေရာတိုးချဲ့ ရန်အတွက် ပြည်တွင်း အဆောက်အဦး ပွဲစားများကလာရောက် ကမ်းလှမ်းနေကြသည်။

စာကြည့်တိုက် တွင်ပါဝင် လုပ်အားဖြင့် ပါဝင်လိုသူများ ကလည်း မိမိတို့  အားလပ်သောအချိန်များကို ဖြည့်စွက် ကာ ကောင်တာမှ လူငယ်များအား စာရင်းပေးသွင်းနေကြသည်။ ထို့ အပြင် စာကြည့်တိုက် တွင် ပြုလုပ်သော မိမိ နိုင်ငံ ဂုဏ်ပြု အထိမ်းအမှတ် များတွင်လှူဒါန်းလို သူ၊ ပါဝင် လှုပ်ရှားလိုသူများ ကလည်း စာကြည့်တိုက်မှလူငယ်များနှင့် ဆွေးနွေးတိုင်ပင် နေကြသည်။

+++++++++++++++++++++++++++++++++++++++
' wake up..... WAKE UP....wake up.....Wake up" ဖုန်းမှ အသံကြားသည် နှင့် မျက်လုံးဖွင့် ကာ နာရီကြည့်လိုက်သည်။ "တိမ်ပြာပြာ နေ့ တနေ့  Sunday မှာကွဲ့  မင်္ဂလာဆောင်ပွဲလေး ကျင်းပချင်ပါတယ် " သီချင်းကို အခန်းဖော် သူငယ်ချင်းက ဟစ်နေသည်။
အင်းပေါ့ လေ ဒီနေ့  က တနင်္ဂနွေ နေ့ ဆိုတော့ လဲ ဆိုနိုင်တာပေါ့၊


အိပ်ယာဘေးက ကွန်ပြူတာ ဖွင့်ပြီး Gtalk မှ online သူငယ်ချင်းအား ဒီနေ့  လုပ်အားပေး အလှည့် ကျသူ များအား စာကြည့်တိုက်လာရန် သတိ တချက်ပေးလိုက်ပါအုန်း လို့ ဆရာကြီး လုပ်ပြီး ဒီနေ့ ငါလည်းတာဝန်ကျတယ် လို့ ပြန်ပြောလိုက်သည်။ တကယ်တော့ ဒီလိုနိုင်ငံမှာ စားဝတ်နေရေး အတွက် အားလုံး အလုပ် ကို တပတ်လျှင် ၅ ရက်မှ ၆ ရက်အထိ လုပ်ကြရသည်၊ တကယ်တော့ သိပ်တော့ မလွယ်လှ။ လူတိုင်း လိုလို အားလပ်ရက်တွင် မိမိ အတွက် အပန်းပြေစရာ များနှင့် စိတ်ရောလူရော အပန်းဖြေကြသည်။ မိမိ စိတ်တွင်း၊ ရင်တွင်း ခံစားမှု ဆိုင်ရာ အတိုင်း ပိတ်ရက်များကို ကုန်ဆုံးစေကြသည်။

စာကြည့်တိုက်တံခါးဖွင့်လိုက်သည် နှင့်လုပ်စရာများ က လက်မလည်။ ထိုင်ခုံတွေ၊ ဆိုင်းဘုတ်တွေ၊ အားလုံး အပြင်ထုတ်။ အင်တာနက်များ လက်ရှိသတင်းထူးများအား ကော်ပီထုတ်ထားလျှင် Stand Broad မှ အဟောင်းနှင့် အသစ်လဲ။ စင်္ကပူ မြန်မာ စာကြည့်တိုက် တွင် တခုတည်းသော စားပွဲပေါ်တွင် အပ်ထားသောစာအုပ်များ ဖြင့် ရှုပ်ပွနေသည်။ အင်း မနေ့ က တာဝန်ကျ လုပ်အားပေးသူဘယ်သူပါလိမ့်၊ သေချာကိုမသိမ်းသွားဘူး..။စိတ်ထဲမှ ပြစ်တင်လိုက်သေးသည်။

ထိုစားပွဲသည် သေးငယ်သော်လည်း ပစ္စည်းအတော်အများ တင်ဆံ့နိုင်သည်။ အသင်းဝင်များ၏ ငှားရှိထားသော စာအုပ်စာရင်းများ ထားရှိသည့်ပုံးငယ်များ၊ မကြာသေးမီကလှူထားသည့် ကွန်ပြူတာ၊ စာရေးကိရိယာများ၊ ကြော်ငြာလက်ကမ်းစာစောင်များ၊တံဆိပ်တုံးများ၊ မှတ်ထားသည့် စာရွက်အပိုင်းအစများ က စားပွဲပေါ်တွင်နေရာယူထားကြသည်။

တံဆိပ်တုံးများကို နေ့ ရက်များပြောင်းရန်ပြင်နေခိုက်... စာအုပ်ငှားရန် ရောက်လာကြပြီလေ..၊ အရေးထဲ ဖုန်းကို လဲရှာရသေးသည်။ အခန်းရှင် က မထင်ရင်မထင်သလို ၀ိုင်းပြီး ဖုန်းပြောလွန်းလို့  ဖုန်းကို ၀ှက်ထားရသည်။ စာကြည့်တိုက် ၀င်ငွေက အခန်းငှားခ ကျော်ရုံစွန်းစွန်းမျှသာရှိသည်။ ထွက်ငွေ အသုံးစရိတ်များ တတ်နိုင်သလောက်လျှော့ ကြစို့ ဆိုသလို အားလုံး ညီညီညာညာ ဖြင့် တယောက်က အိပ်စိုက်ပြီး ပေးထားလျှင် တယောက်က လှူလိုက်ရန် စည်းရုံးကြသည်။

မရပ်မနား စီးဆင်းနေသောမြစ်အလား နှင့် အခန်းကျဉ်းထဲတွင် အသွင်သွင် စီးဆင်းနေသလို။
စာအုပ်လှူ ၊ ငှား၊ အပ်၊ အသင်းအသစ်ဝင်ခြင်း၊အသင်းဝင်အဟောင်းများ နှင့် ကဒ်ပျောက်သူများပြန်လည် အသစ်ပြန်လုပ်ခြင်း၊ ဒါ့ အပြင် အသင်းဝင်အမှတ်မေ့သူ၊ နာမည်သာသိသူ၊ တဆင့်ပြန်အပ်ခြင်း၊ စာအုပ်ပျောက်ခြင်း၊ ငှားထားသောစာအုပ်များ မှတ်ထားသော စာရင်း မှားနေခြင်း စသည်တွေကတော့ အပတ်စဉ် လုပ်ဆောင်ပေးနေ
ကြဖြစ်သည်။

" ကလင် ကလင် " ဖုန်းမြည်နေပြန်ပြီ။ လုပ်နေသည့် လက်တဖက် က အလိုအလျောက် ဖုန်းခွက်ဆီ ရောက်သွားသည်။ စာအုပ်ပြန်မအပ်နိုင်ခြင်း နှင့် ငှားရက်တိုးပေးရန်အတွက် အသိပေး အကြောင်းကြားခြင်းဖြစ်သည်။
ငှားယူဖတ်ရှုသူတိုင်း တာဝန်သိစွာ စာအုပ်ထိန်းသိမ်းထားသည်ကို ပဲ စာကြည့်တိုက်မှ အလွန်ကျေးဇူးတင်မိပါသည်။ ပြီးနောက်ထုံးစံအတိုင်း မိမိလက်များက စာအုပ်များကြား ၊ တခါတလေ အသုတ်ပန်းကန် များကြားတွင် လှုပ်ရှားနေရပြန်သည်။

လူများသောကြောင့် အခန်း၏ အပူချိန်သည် မြင့်တက်လာသည်။ အိုက်လိုက်တာလို့ ပြောယုံမှ တပါး လှည့် ထွက်သွားလို့ ရတာမှမဟုတ်တာ ၊ ပန်ကာလေး ၀ယ်တက်နိုင်ရင်ကောင်းမယ် လို့ ပြော ပေမယ့် လဲ အဲဒီပန်ကာ ထားရှိရေး နှင့် ဖြစ်မြောက်ရေးထက် စာကြည့်တိုက် လည်ပတ်ရေး ကိုဦးစားပေးကြရသည်။ ကျမတို့ လုပ်အားပေးသူတွေ အားလုံး နေ့ လည်စာ နှင့် ညစာ ပေါင်းစား ကြပါသည်။

ဒီလိုနဲ့  စကားပြောရင်း၊ အလုပ်လုပ်ရင်းနှင့် ၉နာရီ ထိုးပြီဆိုလျှင် ဆိုင်ပိတ်ပြီဖြစ်သောကြောင့် ဆိုင်တွင်းမှ ကိစ္စ များကိုရှင်းကြသည်။ ထုတ်ထားသောပစ္စည်းတွေသိမ်း၊ စာရင်းတွေရေး ရင်း နဲ့ ပဲ တနေ့ တာလုပ်အားပေး ကုန်ဆုံးကြသည်။ တနေ့ လျှင် အနည်းဆုံး လုပ်အားပေးသူ ၄ ယောက် လောက်ရှိမှ သာ အဆင်ပြေနိုင်သည်။
အသင်းဝင်ပေါင်း ၁၅၀၀ ကျော် ရှိသည်။ တပတ်လျှင် ၃ ရက် ဖွင့် သည် ။ ထို့ ကြောင့် တရက်လျှင် လူ ၂၀၀ ထက်မနည်း စာအုပ်လာရောက်ငှားယူ ဖတ်ရှု ကြသည်။

တနေ့ တာ ကိုယ်ပိုင် နားရမည့် အချိန်ကို ပေးပြီး စေတနာ အပြည့်ဖြင့် ကိုယ့်စရိတ် ကိုယ်ခံ ကာ လာရောက် လုပ်အားပေးနေကြ သူများ၏ ရင်တွင်းတွင် တခုခုတော့ရှိပါမည်။
စာဖတ်ဝါသနာပါသူ၊ အများအကျိုးအတွက် ကောင်းမှုတခုပြုလုပ်ချင်လိုသူ၊ မြန်မာစာပေ အားချစ်မြတ်နိုးသူ၊ မိမိ နိုင်ငံအတွက် တတ်နိုင်သည့် ဘက်မှ မိမိလူမျိုးများအား ကူညီလိုသူ၊ အများပိုင် ဖြစ်သည့် တခုတည်းသော မြန်မာစာကြည့်တိုက်အား ချစ်မြတ်နိုးသူ ............ သူတို့ ရင်ထဲတွင် ပင်ပန်းသော် လည်း စာကြည့်တိုက် အတွက် တယောက်တလှည့် လုပ်အားပေးနေရသည့် ကို ပီတိဖြစ်မိကြမှာပါ၊

လမ်းပြကြယ် မြန်မာစာကြည့်တိုက် သည် မြန်မာလူမျိုးများ စေတနာ များဖြင့်တည်ဆောက်ထားသော တခုတည်းသော အဝေးရောက် စာကြည့်တိုက်ဖြစ်သည်။

ကျဉ်းလှသော အခန်းတခုဖြစ်သော်လည်း စာအုပ် အတော်အများရှိပါသည်။

အအေးဓါတ်မလုံလောက်သောအခန်းငယ်ဖြစ်လည်း စာကြည့်တိုက်တွင် လူမပြတ်သွားပါ။

စာအုပ်များ၊ဂျာနယ်များ၊ ဆိုင်းဘုတ်များ၊ နာဂစ်တွင်လှူဒါန်းထားသောပစ္စည်းများဖြင့် ရှုတ်ပွနေသော အခန်းဖြစ်နေသော်လည်း စာကြည့်တိုက်တွင်လာရောက်ဖတ်ရှုသူများ နှင့် လုပ်အားပေးသူများ နားလည်ပေးနေဆဲဖြစ်ပါသည်။

စာအုပ်များ အများအပြား ပျောက်ဆုံး နေသော်လည်း တဦးပိုင်စာကြည့်တိုက်ထက် အများပိုင်စာကြည့်တိုက်ဖြစ်မြောက်ရေး အတွက် လုပ်အားပေးများမှ လိုက်လံ အလှူခံပါသည်။

စာကြည့်တိုက် လုပ်အားပေးသူများ အလုပ်တဖက်နှင့် လုပ်အားပေးနေသော်လည်း သတ်မှတ်ထားသောနေ့ ရက်များတွင် စာကြည့်တိုက် မပျက်မကွက်ဖွင့်နိုင်ဆဲဖြစ်ပါသည်။

စာကြည့်တိုက်တွင် လုပ်အားပေးသူများ ပင်ပန်းသော်လည်း သူတို့ အားလုံး တလပြီး လျှင် နောက်တလ လုပ်အားပေး ရန် တက်ညီလက်ညီ အချိန်စာရင်းဖြည့်စွက်ကြပါသည်။

တချို့ လုပ်အားပေးသူများလဲ အကြောင်းအမျိုးမျိုး ကြောင့် အချိန်မပေးကြ နိုင်ကြတော့ပေ မယ့် နောက်လုပ်အားပေးနိုင်မည့်သူအား လက်ဆင့်ကမ်း ဝေမျှကြပါသည်။

မည်သို့ ပင် ဖြစ်စေ ကျမ တို့  အားလုံး .... မိမိ ယုံကြည်ချက် အတွက် ပျော်ပါသည်။

စာကြည့်တိုက် က မိမိနိုင်ငံ နှင့် လူမျိုးအတွက် တခုခု တာဝန်ထမ်းဆောင်ရန် ရှင်သန်နေဖို့  လို တာကိုး.......


ရေကြည်
.

Read More......

စာကြည့်တိုက်မရှိတော့တဲ့ ရန်ကုန

စာကြည့်တိုက်မရှိတော့တဲ့ ရန်ကုန်ရှိအမျိုးသားစာကြည့်တိုက် ကြီးရဲ့အခြေအနေကို ကျ နော်မှတ်မိသမျှတင်ပြချင်ပါတယ်။
အများသိကြပြီး ဖြစ်တဲ့အတိုင်း အ ထက်ဗမာနိုင်ငံကို အင်္ဂလိပ်မသိမ်းမှီ ၁၈၈၃ ခုနှစ်မှာ အောက်ဗမာပြည်ဝန်ရှင် တော်မင်းကြီး
ဆာချားလ်စ်ဘားနဒ် (နယ်ချဲ့)တည်ထောင်ခဲ့တဲ့ ဘာနဒ်အ ခမဲ့ပိကတ်စာကြည့်တိုက်ကို ဗမာပြည် လွတ်လပ်ရေးရတဲ့နှစ်မှာ
ရန်ကုန်မြူနစ် စပယ်စာကြည့်တိုက်သဘောမျိုး ဆက်ခံ ထိန်သိမ်းခဲ့ရာ ၁၉၇၂ ကျမှ အစိုးရကို ပေးအပ်ခဲ့တာဖြစ်ပါတယ်၊
အဲဒီတော့မှ နိုင်ငံတော်စာကြည့် တိုက်သဘောမျိုးနဲ့ ဂျုဗလီဟောကိုရွှေ့ ခဲ့စေပါတယ်၊ စစ်တပ်အာဏာသိမ်းတဲ့ ၁၉၆၂ ခုနှစ်မှာ
ပန်းဆိုးတန်းတိုက်အ မှတ် ၁၆၆။ ဒုတိယထပ်နဲ့တတိယထပ် ကိုပို့ပြီးပိတ်ထားခဲ့ပါတယ်၊ ၁၉၆၅ ခု နှစကုန်ခါနီးကျမှပြန်ဖွင့်ပါ
တယ်၊ မြူမီစ ပယ်မြို့တော်ခန်းမမှာ ဖွင့်တာပါ၊
၁၉၇၄ ကျမှ ကမ်းနားလမ်းခြောက် ထပ်ရုံးကိုပြောင်းပြီး ပြန်ဖွင့်ဖြစ်ပါတယ်၊ အမည်အမျိုးမျိုး။ နေရာအမျိုးမျိုး ၈ ကြိမ်ပြောင်းပြီး
ပါပြီ၊ခုလက်ရှိအမျိုးသားစာကြည့်တိုက် ကြီးဟာ ၁၉၉၅ခုနှစ်က စပြီး တာမွေ သု သာန်ဟောင်းကြီးထဲမှာ စတင်ဆောက်
လုပ်ခဲ့ပါတယ်၊ ၁၀ ဧကလောက်ကျယ် ပါတယ်၊ အထပ် ၈ ထပ်ရှိပါတယ်၊သင်္ချိုင်းထဲမှရှိပေမယ့်ခမ်းနားပါတယ်၊ ၂ နှစ်နဲ့အပြီး
ဆောက်မယ်ဆိုပေမဲ့ ကျနော်ပြည်ပကိုထွက်လာတဲ့ ၂၀၀၂ နိုဝင်ဘာထိ မပြီးသေးပါဘူး၊၁၀ နှစ်လောက်ကြာသွားတယ်ထင်
ပါတယ်၊ မပြီသေးပေမယ့် ၁၉၉၃ ခုနှစ် ကစပြီးရွှေ့ပါတယ်၊ ပေပုရပိုက်တွေကို အဖိုးအခယူပြီး ဌားဖို့ဆိုထင်ပါရဲ့၊
ဗိုလ်တထောင်ကောလိပ်ကိုရွှေ့လိုက်သေးတယ် လို့ကြားရပါတယ်၊ ဆာလာအိပ်တွေနဲ့ ၈ ခါရွှေ့၊ ၈ ခါကျိုးပဲ့မှာပါပဲ၊
ကဋ္ဌန်တော်ထွက်လာပြီး မြန်မာတိုင်း သတင်းစာမှာ ၂၀၀၃ ခုနှစ်က ဖေါ်ပြတဲ့ စာရင်းအရ စာနယ်ဇင်း ၆္ဋ၅ သိန်းခန့် စာနက်
စာအုပ် ၁္ဋ၈ သိန်းကျော်ရှိတယ် လို့ဖေါ်ပြပါတယ်၊အခုအခါရွှေ့ပြောင်းပြီးလို့မှ အသား မကျခင် ဒီအဆောက်အအုံကြီးကို
လေလံပစ်ပြီးရောင်းစားတော့မလို့ ကြေညာ လိုက်တော့ အရပ်ရပ်နေပြည်တော်ကြား လို့မတော်ဖြစ်ပြီး သုတေသီပညာတတ်
လောကမှာ အတော်တုန်လှုပ်သွားခဲ့ရပါ တယ်၊ သုတေသီတွေက ၀ိုင်းပြီးမရွှေ့အောင် ပန်းကြားဖို့ကောင်းပါတယ်၊
တကယ်ဆိုရင် အမျိုးသားစာကြည့် တိုက်ဆိုတာ အမျိုးသားစာပေကို သိမ်း ဆည်းထားရာနေရာဖြစ်ပြီး၊ သုတေသီ သုံးစွဲသူ
တွေနဲ့ နီးကပ်လွယ်ကူတဲ့နေ ရာမှာရှိရပါမယ်၊အမျိုးသားစာကြည့်တိုက် စာမျိုးအ စား ပြည်သူ့စာကြည့်တိုက်တွေဟာ
တိုင်းနဲ့ပြည်နယ်တိုင်းမှာရှိပါတယ်၊ မန္တ လေး။ မော်လမြိုင်စတဲ့ တိုင်းနဲ့ပြည်နယ် မြို့တော်တွေမှာရှိပါတယ်၊ ဒါကို ရန်ကုန်တိုင်း
စာကြည့်တိုက်အဖြစ်နာမည်ပြောင်း ပြီး နေပြည်တော်သစ်မှာ စာကြည့်တိုက် အသစ်တည်ဆောက်ဖွင့်လှစ်ထားရှိပြီး အထူး
လိုအပ်တဲ့စာအုပ်တွေကို အသစ် ကူးယူထားရှိသင့်ပါတယ်၊
လွတ်လပ်ရေးရတာ နှစ် ၆၀ ကြာမှ ကိုယ်ပိုင်အဆောက်အအုံနဲ့ထားခွင့်ရတဲ့ စာကြည့်တိုက်ကြီးမှာ ငွေသုံးဘတ်ဂျက် နည်းလို့
နိုင်ငံခြားစာအုပ်သစ်တွေ မ ၀ယ်နိုင်ပါဘူး၊ စာအုပ်ချင်းဖလှယ်တာပဲ ရှိပါတယ်၊ ခဲယမ်းမီးကျောက်။ စစ်လေ ယာဉ်။ စစ်ကား
တွေပဲဝယ်နေရတာကိုး၊
၁၉၉၀ ခုနှစ်လုံးမှာ ၅ သောင်းပဲရပြီး တိုးတောင်းလို့ ခုနှစ်သောင်းပဲရခဲ့ပါ တယ်၊ ၀န်ထမ်းက နေ့စားပေးဆန် ၁၂ ပြည်နဲ့ခန့်ထား
သူတွေပါမှ ၂၅ ယောက် လောက်ပဲရှိခဲ့တာပါ၊၀န်ထမ်းမလောက်လို့ အမျိုးသား စာစု စာရင်းအပြည့်အစုံမလုပ်နိုင်ခဲ့တာဟာလဲ
ကမ္ဘာအံ့ဖွယ်ပါပဲ၊ ဘန် ကောက်က အမျိုးသားစာကြည့်တိုက် မှာ ပင်မစာကြည့်တိုက်အဆောက်အ အုံမှာပဲ ၀န်ထမ်း ၁၂၅
ယောက်လောက် ရှိပါတယ်၊
စာအုပ်ဆိုင်တွေမှာတောင် ကလေး စာဖတ်ခန်းရှိပေမယ့် ဗမာပြည်မှာ ကလေးစာကြည့်ခန်း၊ ကလေးစာကြည့် တိုက်မရှိပါဘူး၊
သူများနိုင်ငံရောက်ဗမာလူငယ်တွေက ကလေးစာအုပ်ဟာင်းတွေလှူတော့ သူတောင်းစားနိုင်ငံမဟုတ်ဘးဆိုပြီး ဗိုလ်ခင်ညွှန့်
က ငြင်းပယ်ခဲ့ဘူးပါတယ်၊ဒီမိုကရေစီခေတ်က ရန်ကုန်မှာ ပြည် သူ့စာအုပ်တိုက်ခေါ်အများသုံးစာကြည့် တိုက်ရှစ်တိုက်ရှိခဲ့
သတဲ့၊ ခုရှိတဲ့စာပေဗိ မာန်စာကြည့်တိုက်နဲ့ဂန္ဒီစာကြည့်တိုက် တို့ဟာ အသက်မ၀င်တော့သလောက် ပါပဲ၊ ဒါကြောင့် ပုဂ္ဂလိက
စာအုပ်အဌား ဆိုင်လေးတွေ ပေါ်ပေါက်လာရတာက လည်း ကမ္ဘာ့အံ့ဖွယ်ပါပဲ၊နိုင်ခြားသားကျောင်းသားတဦးက ထူးဆန်းလို့
အသေအချာကြည့်ပြီး စာ တမ်းရေးဖူးပါတယ်၊ စာကြည့်တိုက်မရှိ လို့ ဒီလိုဖြစ်ရတယ်ဆိုတော့ အံ့သြသွား ရလေရဲ့၊
နိုင်ငံခြားကလှူတဲ့စာအုပ်ငြင်းပယ်ခံရ ဖူးပေမယ့်။ ပြည်တွင်းစာအုပ်ဆိုင်တွေက စာအုပ်ဟောင်းတွေကိုတော့အလှူခံပြီး
ကျေးလက်စာကြည့်တိုက်၊ ရပ်ကွက်စာ ကြည့်တိုက်ကလေးတွေမှာ ဖွင့်ခိုင်းနေ တယ်လို့ ကြားရပါတယ်၊
ဘာပဲဖြစ်ဖြစ် ၀မ်းသာပါတယ်၊ ဒါပေ မယ့် လွတ်လွတ်လပ်လပ်လှုပ်ရှားခွင့်မရှိ ပါဘူး၊ ကြံ့ဖွံ့နဲ့စွမ်းအားရှင်အစိတ်သား (တမတ်သား)ပါဝင်ပြီး၊ နိုင်ငံရေးမပါ အောင် ကြီးကြပ်နေတယ်လို့ကြားရ တော့ စိတ်မကောင်းပါဘူး၊
ကျနော်တို့ကျောင်းသားဘ၀က မန္တ လေးလမ်းမတလျှောက်မှာ စာဖတ်ခန်း လေးတွေမှိုလိုပေါက်နေပါတယ်၊ အနည်း ဆုံးတော့ သတင်းစာမျိုးစုံကြည့်လို့ရပါ တယ်၊ နတ်နွယ်တို့၊ မောင်မိုးသူတို့လို စာပေသမားတွေဟာ မန္တလေးဒီဒီဟိုဟို စာကြည့်တိုက်တွေက မွေးထုတ်လိုက်ခဲ့ တာပါတဲ့၊ ကျနော်တို့ဆိုရင် မန္တလေး မီးရထားရပ်ကွက်စာကြည့်တိုက်နဲ့ကြီးပြင်းလာခဲ့တာပါ၊
ကျနော်တို့ရွာ၊ တင်မိုးတို့ရွာ တွေမှာ လည်း စာကြည့်တိုက်ကလေးတွေ ရှိပါ တယ်၊ ကျေးလက်စာကြည့်တိုက်က လေးတွေက ‘အာရှ’လူငယ်ကလေး တွေပေါ်ထွက်လာခဲ့ပါတယ်၊ သူတို့ဟာ ဖက်စစ်တော်လှန်းရေးသားကောင်းလေးတွေ အဖြစ်ကြီးပြင်းထွန်းကားလာခဲ့ပါတယ်၊
စာကြည့်တိုက်တွေဖွင့်လိုက်တာဟာ ထောင်တံခါးတွေ ပိတ်တာနဲ့အတူတူ ပဲလို့ ငယ်ငယ်ကမှတ်ခဲ့ရဖူးပါတယ်၊
ခုတော့ထောင်တွေပဲ ထပ်တိုးလာ ပြီး စာကြည့်တိုက်တွေကပိတ်ကုန်ပါ တယ်၊ တိုင်းပြည်ရဲ့အနာဂတ်ကို ဒါတခု နဲ့ပဲတွက်လို့ရနေပါပြီ၊
မြို့လယ်ကဂျုပလီဟောလို သမိုင်း ၀င် အဆောက်အအုံ။ စာကြည့်တိုက် ပြ တိုက်ဟောင်းနေရာဖျက်ပြီး စစ်သမိုင်းပြ တိုက်ဆောက်သတဲ့၊ သမိုင်းဝင် အတွင်းဝန်ရုံးကိုလဲ ရောင်းစားတော့ မတဲ့၊ ဘနဖူးသိုက်တူးရက်လေခြင်း၊
နောင်တစ်ခေတ်ရဲ့ စစ်သည်တော် တွေဟာ စစ်တန်းလျားတွေ ရောင်းပစ် ကြပါစို့၊
အကျဉ်းထောင်။ အချုပ်ခန်းတွေ ရောင်းပစ်ကျပါစို့၊
ပုဂံခေတ်ပဠိကတ်တိုက်ကို အစဉ်အ လာကို ပြန်လည်ထူထောင်ကြပါစို့။၊

မောင်စွမ်းရည်

Read More......