အားလုံးပျော်ရွှင်ပါစေ

၂၁ ရက်နေ့ တွင် ကျင်းပသော ပြည်သူချစ်တဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ အထိမ်းအမှတ်





ဒီနှစ် အန်တီစုမွေးနေ့  ၆၄ နှစ်ပြည့် အထိမ်းအမှတ် ပွဲ ကို သွားတော့ အရင်တုန်းက နဲ့  မတူတဲ့ ပြောင်းလဲမှုတွေ တွေ့ ခဲ့ ရတယ်..အရင် က စင်္ကာပူရောက် ဒီမိုကရေစီ အင်အားစုထဲ က တက်တက်ကြွကြွလှုပ်ရှားခဲ့သူတွေကို မတွေ့ ရတော့ လည်း တွေ့ ဆုံပြီး ကွဲသွားတဲ့ မမြဲတဲ့အရာတွေက လည်းခေါင်းထဲရောက်လာတယ်...ပြီးခဲ့ တဲ့ ၂၀၀၈ ခုနှစ်က မြန်မာအစိုးရက ဘုန်းကြီးတွေကို ရက်စက်စွာ နှိပ်စက်ခဲ့သလိုဘဲ.. စင်္ကာပူအစိုးရကလည်း စင်္ကာပူရောက် အလွှာမျိုးစုံမှ မြန်မာဒီမိုကရေစီရေး မှာ ကိုယ်တိုင် အနစ်နာခံ တက်တက်ကြွကြွ လှုပ်ရှားခဲ့သူများကို လည်း ပညာရှိနည်းနဲ့  မောင်းထုတ်ခဲ့တယ်။

ကျမတို့ ဘ၀တွေက ဘယ်ဘယ်ရောက်ရောက် အဆက်မပြတ် လိုချင်ဆုံးအရာ က ဒေါ်အောင်ဆန်းစုကြည် နှင့် နိုင်ငံရေး အကျဉ်းသားတွေကို အမြန်ဆုံးလွှတ်ပေးဖို့ ပါ။ ပြီးမှတောင်းဆိုချင်တာက မြန်မာပြည်တိုးတက်ပြီး ပြည်သားတွေ ကို အကျိုးပြုစေမယ့် စနစ် တရပ် ကို ပြည်သားတွေ ကျင့်သုံး ၊ စားသုံးနိုင်အောင် တန်ဖိုးရှိတဲ့ ဒီမိုကရေစီစနစ်တရပ်ပေါ်ထွန်းဖို့ ပါ။

ဒီတော့ အခုနှစ်မှာ စင်္ကာပူတွင် ကျင်းပတဲ့ အခမ်းအနားမှာ ပါဝင်မတက်ရောက်နိုင်တဲ့ ရဲဘော်တွေ လည်း ရောက်ရှိနေတဲ့ အရပ်ဒေသမှာ သူတို့ စွမ်းဆောင်နိုင်တဲ့ဘက်က ကြိုးစားတက်လှမ်းရင်း...


(ဘ၀ ရပ်တည်ရေးအတွက်ရုန်းကန်ရင်း.... မိမိ ရည်မှန်းချက်သို့ လည်း တက်လှမ်းရင်း... ဒီမိုကရေစီ မောင်နှမ များအား သတိရလျက်..)

ရေကြည်

Read More......

စင်္ကာပူတွင် ကျင်းပမည့် အန်တီစုမွေးနေ့ ပွဲ


ကျမတို့ ပြည်သူများအားလုံး လေးစားချစ်မြတ်နိုးသော၊ စံနမူနာ သူရဲကောင်းဖြစ်သော မြန်မာနိုင်ငံ ဒီမိုကရေ တိုက်ပွဲတွင် ရှေ့ ဆောင် နေသာ ဒေါ်အောင်ဆန်းစုကြည် အတွက်ကျင်းပမည့် မွေးနေ့  အား စင်္ကာပူမှ ဒီမိုကရေစီ လိုလားသူ၊ချစ်မြတ်နိုးသူ အားလုံး အား တက်ရောက်ပါရန် ဖိတ်ကြားအပ်ပါသည်။

Read More......

LPK ပြန်လည်စုစည်းခြင်း

မနေ့ က ဒီလောက်များတဲ့ ၀က်သားဒုတ်ထိုးလဲ ကုန်ခဲ့တယ်...


ခေါင်းချင်းဆိုင်ပြီး ဘာလုပ်နေတာပါလိမ့်။ကြာဇံကြော်ထဲက အသားတွေ ရွေးယူနေတာလား ..မသိဘူး။



Read More......

ကျမနှင့်လေကုန်သည် (၁)

ကျောင်းသားများ စကားပြောသံများ၊ ငြင်းခုံနေသူများ များနှင့် အခန်းအပြင်ဘက်တွင် ဆူညံနေသည်။ အချိန်က သိပ်မလိုတော့။ ကျမမှာ အနားနီးမှ စာကပ်ကြည့် တတ်သောကြောင့် ခေါင်းထဲသို့ ဝင်သလောက် မှတ်မိနိုင်သလောက် စာများကို မှတ်သားနေသည်။ ထုံးစံအတိုင်း စာမေးပွဲဖြေရတော့မှ ကုန်ခဲ့သည့်အချိန်များကို အောင်းမေ့လျက်..
မနေ့ ညနေမှ စပြီး ကြည့်ထားသည့် ဒီဘာသာရပ်အတွက် မျှော်လင့်ချက်ကလည်းမကောင်းမှန်းလဲသိသည်။ ဒါကလည်းအကျင့်ဆိုးကြီးလိုဖြစ်နေသည်။ ဖြေခါနီးမှပဲ မသိတဲ့အရာတွေက ပိုများလာသည်။ ခေါင်းထဲမှာမနည်း ပြန်ပြီး မှတ်ထားတာတွေ ကိုပြန်စဉ်းစားနေသည်။ ဦးခေါင်းတောင် မလှုပ်ရဲ။ ဦးနှောက်ထဲမှ ကျက်ထား၊မှတ်ထားသော စာများ လွင့်ကျသွားလျှင် ပြန်ကောက်ဖို့ ကား အချိန်မရှိတော့။

စာမေးပွဲဖြေရန် အချိန်နီးပြီ။ ဆယ်မိနစ်ခန့် အလိုမို့  ကျောင်းသားများအထဲဝင်ကြသည်။ ကျမလဲ ရေဗူး၊စာရေးကိရိယာ၊ကျောင်းသားကဒ် ယူပြီး ကျမထိုင်ရမည့် နေရာမှာ သွားထိုင်လိုက်သည်။ အလယ်တန်းအလယ်လောက်တွင်ဖြစ်သည်။ပတ်ဝန်းကျင်အား စပ်စုလိုက်သေးသည်။ အားလုံးက စပ်ဖြီးဖြီး။ စာရလို့ လားတော့မသိ။

စပြီမေးခွန်းရသည်နှင့် ရတာတွေကို အရင် ခေါင်းထဲမှ တခုပြီးတခု မနည်း ဖျစ်ညှစ်ယူရသည်။ တခုပြီးတခု ဖြည်းဖြည်းနှင့် အရှိန်ယူဖြေဆိုရသည်။ စိတ်လောမိလျှင်စာတွေက ထွက်မလာတော့။
ထိုမေးခွန်းကို စတွေ့ ကတည်းက မေ့တေ့တေ့ဖြစ်နေတော့ ကျက်ထား၊မှတ်ထားသမျှက ဖြောင့်ဖြောင့်ဖြူးဖြူးထွက်မလာ။ သိတာလေးတွေကို ရွီးရသေးတယ် ဆိုတော့ စာကြောင်းကလည်း ဖြောင့်ဖို့  လိုတယ်မလား။ ဒါကြောင့် ဖြည်းဖြည်း စဉ်းစားပြီးရေးနေခိုက်... ဘူ ... ဆိုတဲ့ သံရှည် တခု ကျမခုံအရှေ့ မှ ကျောင်းသားတယောက်ဆီ ကြားလိုက်တော့၊ ရယ်ချင်တာကအရင်၊ ရယ်ပြီးမှပဲ အနံ့ ထွက်မထွက် သတိရတော့.. တော်သေးတယ်..အနံ့  မထွက်လို့ ၊ ဖြေလက်စ စာတွေတောင် ဘယ်နားရောက်သွားလဲမသိ၊ ဒါနဲ့ ပဲ နောက်မေးခွန်းတခုဆက်ဖြေရတယ်..အရှိန်ပြန်ယူရတယ်။

စာမေးပွဲခန်းထဲမှာ ဒါမျိုးလဲဖြစ်တတ်ပါတယ်..(အနံ့ မပါလို့ လေကုန်သည်အား အလွန်ကျေးဇူးတင်မိသည်။)


အာရောဂျံ ပရမံလာဗံ
ကျန်းမာခြင်းသည် လာဒ်ကြီးတပါးဖြစ်သည်။

Read More......

အမြင်မတော်


ဘ၀ကြီးကလဲ ခြောက်ကပ်လိုက်တာနော်… ရေ မရှိ .. ရေမလာ.. မရှိ မလာ ဆိုလို့  ရှိတာတွေလာလာနေတဲ့  ဘေလ် တွေတောင်မရှင်းချင်ဘူး…

လခတွေကလည်း ဟိုဖြတ် ဒီဖြတ်.. ဖြတ်လွန်းတော့လဲ မကောင်းဘူး.. ဖြတ်ဆို အရင် ရထားခတွေ တက်မတက်တော့ မသိဘူး.. ရထားစီးတဲ့ကဒ်မှာ ၅ ကျပ် ထက် နည်း ရင် မီးနီရောင် ကအ၀င်ဝမှ ဖျတ်ဖျတ်ကိုလူးလို့ ..အရင်ကဆို ကဒ်ထဲမှာ ပိုက်ဆံမရှိတော့ရင်တောင် အနုတ်လက္ခဏာပြတဲ့ အထိ ခပ်တည်တည် စီးလို့ ရသေး….

ခုတော့..မ.ရတော်ရေ… မရ..သူက ၃ ကျပ်တောင်အရင်ယူထားသေး…၊

စင်္ကာပူဆိုတာ ရေ မရှိရင် လူရာကို မ၀င်ဘူး…ရေ ..ရေ..ရေ…

ရေအကျိုး ဆယ်ပါးမတောင်းပဲနဲ့ ပြည့်တယ်တဲ့..

ဒီ..ရေကတော့ ဆယ်ပါးမက ဘူး တော်တော်များများပြည့်….တယ်…ကုန်တာလဲမြန်တယ်..

(တချို့ တွေကတော့ ရေဆိုတာတောင် မှတ်မိပါ့မလား မသိဘူး…ရေဆိုတာ ဘာမှန်းတောင် သိရဲ့ လား မသိဘူး.. အေးတဲ့ရာသီဥတု မှာ နေတဲ့သူတွေကို ပြောတာပါ.. ပြောလဲ သိမှာ မဟုတ်ပါဘူးလေ..ရေမချိုး…ရေ မသုံး..တာကြာတော့လဲ. မေ့လောက်ပြီပေါ့..ဆပ်ပြာဆိုတာတော့ ဝေးမှဝေး)

ရေပေါတဲ့ သူတွေ ကလဲ ပေါလိုက်တာလွန်လို့  .. အလံထောင်ပြီး ပိုက်ဆံကောက်ရုံပဲ.. အမြင်မတော်တာ ဆိုလို့ ဟို တလော က မြန်မာသံရုံးရောက်ခဲ့ပါတယ်.. ကိုယ်လဲ သူများတွေလိုပေါ့ နိုင်ငံတာဝန်ကို တဖက်တလမ်းကနေ လုံးဝမပေးချင် လုံးဝမသဓ္ဒါတဲ့ သူတွေကို သွားပြီး လှူတာ.. အရင်ရှေးလူတွေ ပြောသလို ဖိတ်ချင်းဖိတ် ကိုယ့် အိတ်ထဲကဖိတ် ဆိုသလို ပဲ…တောင်းစားသူ အချင်းချင်းတူတာတောင် အော် မြန်မာအစိုးရ တောင်းစားနေ တာကို ပဲ ပေးတာပေါ့ . ဒါကလဲ နိုင်ငံသားမှ မစွန့် လွှတ်ချင်တာ..

(ရော့ ရွှေ. ရော့ နဂါးဆို သလိုပဲ.. ရော့ စာအုပ် ပေးပိုက်ဆံ.. ဥပဒေအရ သိမ်းယူသည်)

အခုတလော စိတ်ကသိပ်ပြီး ဘ၀င်မကျလှဘူး

အမြင်မတော်တာတွေ ပြသနာတွေ ကလဲ အများသား၊ များဆို ဘယ်လောက်များလဲ မမေးနဲ့  ဘယ်လောက် များများလက်ခံ နိုင်သလဲပဲ စဉ်းစားထား…

သူများတွေကတော့ ရေဆိုတဲ့ ပိုက်ဆံကို ရဖို့  ..ဖြတ်ဖို့  project plan တို့  Technology development တို့ လုပ် အချိန်တွေယူ၊လူအင်အားတွေနဲ့ လုပ်လိုက်ရတာ..အင်းပင်ပန်းလိုက်တာနော်

ဒို့ များတော့ စားပွဲတလုံး ပေါ် သုံးမရတဲ့ ကွန်ပြူတာတင် လိုက်.. ပြီးရင် စာရွက်. ဖောင်တိန်၊ စာရင်းမှတ်ဖို့ လူတယောက်. ပိုက်ဆံသိမ်းဖို့ လူတစ်ယောက်ရှိတာနဲ့ ရေတွေက မလိုချင်မှအဆုံး..ပေးချင်တိုင်းပေးလို့ မရ… တနေ့  အရောက် ၁၀၀ အနည်းဆုံးပဲ..

စာရင်းတွေကလဲ ဘယ်လို System ထိန်းသိမ်းလဲတော့ မသိဘူး.. ပိုက်ဆံပေးလိုက်ရတဲ့ သူကတော့ ကိုယ့်တာဝန်ကိုယ်ပေါ့ ..နောက်တခါပြန်မပေးချင်တော့လဲ.. သေသေချာချာ ထိန်းသိမ်းရသတဲ့..

အမြင်မတော်လို့  စောင့်ရတဲ့ အချိန်လေးသက်သာအောင်.. Program လေး ဘာလေးရေးပေးလိုက်ရင်တော့ ကောင်းမှာနော်..

စောင့်ရတဲ့သူတွေလဲသက်သာ. ငြင်းခုံစရာမလို ..အချိန်ကုန် ပင်ပန်း..တာလဲ မဖြစ်ဘူးပေါ့. မြန်မာပြည်က လာပြီး အလုပ်လုပ်နေတဲ့ Programmer တွေ.. ကျောင်းသားတွေလဲ ရှိပါတယ်..

ဘယ်သူမှ အသံတောင်မထွက်ဘူး.. (ထွက်တဲ့အသံတွေတော့ရှိတယ်..ပြောမကောင်းလို့ မရေးတော့ဘူး)

သူတို့ ဘက်တွေသား ..ခိုင်းစေဘက်တွေလည်းရှိတာပဲ..ရုရှားမှာ ပညာတော်သင်တွေလဲ ရှိတာပဲ..

၁၉၉၉ တုန်းကလဲ ဒီလို စနစ်ပဲ.. အခု ၂၀၀၉ မှာလဲ ထူးမခြားနား.. ထူးခြားတာဆိုလို့ 

၁) လာပြီး အခွန်ဆောင်တဲ့သူများလာတာရယ်

၂) ပိုက်ဆံထည့်ပြီး ကူးလို့ ရတဲ့ မိတ္တူစက်ရှိတာရယ်

၁၀ နှစ်လုံးလုံးတော်တော်ရုံးကန်ရတယ်ထင်တယ်…

သူများတွေတောင် online ကနေ လာလည်တဲ့ သူတွေအတွက်သက်တမ်းတိုးတာတွေလုပ်လို့ ရနေပြီ…

အင်း.. ဘာလို့  ဒီလောက်တောင် တိုးတက်တာ နှေးပါလိမ့်..

သိရင်ပြောပြ…

.

Read More......

2009 Calendar...

Excellent 2009 Calendar .









(To download, Click on Photo.. Hope that U all like it)..

Read More......

တရားမစွဲ နိုင်သော လိမ်လည်မှု

တရားကိုနတ်စောင့်တယ်ပဲ ပြောမလား
တရားသော ဥပဒေ နဲ့ အညီဆောင်ရွက်နေတာလား လို့  မေးမလား
ကိုယ်ညံ့လို့ ကိုယ်ခံရတာလို့ ပဲ ဖြေသိမ့်မလား
တကယ်ပဲ တရားလက်လွတ်ပြောလိုက်တာဆိုပြီး ရန်တွေ့ ရမလား
သတ္တ၀ါတခု ကံတခု ပါလို့ ပဲ ပြောရမလား
မုဆိုးမ သွားလေရာ မိုးလိုက်လို့ ရွာ ဆိုသလိုပဲ ပြောပြီး ငိုရမလား


မေးခွန်းတွေက စုံလို့ ပါ..
ဒေါသထွက်လို့ နံရံကို လက်သီးနဲ့ ထိုးတော့ လည်း ကိုယ်လက်ပဲနာမှာပေါ့.
ဒါပေမယ့် … မကျေနပ်တာတော့ အမှန်ပဲ

ပြသနာပေါင်းသောင်းခြောက်ထောင် အိမ်ကို မသယ်လာနဲ့ လို့  ပြောတာကြားဘူးတယ်.. ကိုယ်ဖြစ်နေတဲ့ ပြသနာကတော့ သောင်းခြောက်ထောင် မကပါပဲ (တရက် ကို တစ်ခု နဲ့ ပဲတွက်အုန်း..ဒီစကားပုံက ခန့်မှန်းခြေ အသက် ၄၃ နှစ်စာ တွက်ထားလို့ ပဲ ဒီလိုပြောတာလားမသိဘူး..)

ပြသနာက ဒီလို

တနေ့.. မောင်ဖြူဆိုတဲ့ သူရဲ့ အိမ်ကို ကျောင်းနေဘက် ပေါက်ဖော် တယောက် ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာတယ်..ကျောင်းတုန်းက အတန်းဖော်ဖြစ်ပေ မယ့် မတွေ့ တာ အတော်ကြာပေါ့.. ညနေဘက် ရောက်လာတော့ အတော်ထူးဆန်းသွားတယ်..ရောက်ရောက်ချင်း သူက
တညလောက် မင်းအိမ်မှာ အိပ်လို့ ရမလား လို့ မေးတယ်..

လူမျိုးခြားတွေ က အိမ်မှာ လိုက်အိပ်ဖို့ နေနေသာသာ.. အိမ်လည်တောင်ဖိတ်ဖို့  ၀န်လေးကြသူတွေ ဆိုတော့ အတော်ပင်ထူးဆန်းသွားသည်။

မောင်ဖြူက လည်း အံ့သြစွာနဲ့ ပဲ ရပါတယ်..အိပ်ပါ လို့  ချက်ချင်းပဲ ပြောပြီး အိမ်ထဲသို့ ခေါ်လိုက်ပါတယ်။

ပေါက်ဖော် မျက်နှာကလည်း ဘာတွေဖြစ်မှန်းမသိ.. ကိုယ့်မြန်မာအချင်းချင်းသာ ညအိပ်ညနေ လက်ခံဖို့  ၀န်မလေးကြပေမယ့် နိုင်ငံခြားသားဆိုတော့ သေချာအောင်တော့ မေးမှ နောက်ဆို သူငယ်ချင်းတယောက်လို အိမ်လာလည်တဲ့  ကျောင်းနေသူငယ်ချင်းက အဲဒီညမှာ ဘီယာသောက် ပြီး နောက်တနေ့  ရဲလာပြီး လူကို ရဲစခန်းလိုက်ခဲ့ပါလို့ ခေါ်လို့  လိုက်သွားရတယ်..ဘုမသိ ဘမသိနဲ့  မိဘတွေကလည်း စိတ်ပူ.. ပြီးမှ အဲဒီလာလည်တဲ့ သူက အဲဒီအတောအတွင်းမှာဖြစ်ခဲ့တဲ့ လူသတ်မှုမှာ မသင်္ကာသူနဲ့ ရှာနေတဲ့ သူဖြစ်နေတော့တာပဲ..
နေရင်းထိုင်ရင်း ဂတ်ရောက်ဆိုသလိုပါပဲ…

မောင်ဖြူ ဇာတ်လမ်း ပြန်ဆက်ကြရအောင်

အကြောင်းစုံကိုမေးကြည့်တော့မှ လွန်ခဲ့ တဲ့ သုံးလလောက်က သူက အိမ်တအိမ်ကို ငှားတယ်..အိမ်ရှင်ဆီက တိုက်ရိုက်ငှားဆို တော့ အပြင်ပေါက်ဈေးထက် ဈေးချိုတာပေါ့။ ဒါပေမယ့် တနှစ်စာ ငှားရမ်းခ ပေးရမယ်ဆိုပြီး စာချုပ်တွေ ဘာတွေနဲ့ ပေါ့.. တယောက်တည်းပဲနေချင်တော့ တအိမ်လုံးအတွက် စလုံးငွေ ၈၀၀၀ ကျော် ကို ဘဏ်ကနေ သူ့ ကို လွှဲပေးပြီး နောက် အဲဒီအိမ်မှာနေလာတာ ၃ လလောက်ရှိနေပြီဖြစ်ပြီး ဒီနေ့ အိမ်ကို ပြန်တော့ အိမ်သော့ တမျိုးပြောင်းခတ်လိုက်ပြီး အိမ်ကို ချိတ်ပိတ်လိုက်လို့  ဒီနေ့  တရက် အတွက်တော့ အိမ်ထဲဝင်လို့ လဲ မရ အိမ်ရှင်ဆီဖုန်းဆက်လို့ လဲ မရတာနဲ့  ဒီကိုရောက်လာကြောင်း ပြောတော့တာပါပဲ။
မောင်ဖြူကလည်း ကူညီစဉ်းစားပေးရင်း ဒါဆိုရင်လဲ ရဲသွားတိုင်မယ် ကွာ လို့ ပြောပြီး ရဲသွားတိုင်တော့ စင်္ကာပူရဲတွေ က ဒီလိုဖြစ်တာ ရာဇ၀တ်ကျူးလွန်တဲ့ ပြစ်မှုအနေနဲ့  ပြစ်မှု ဖွင့်လို့ မရကြောင်း နဲ့ သက်သေခံ စာချူပ်၊ အိမ်ငှားစာချုပ်၊ ဘဏ်သို့ လွှဲထားတဲ့ ဖြတ်ပိုင်းတွေ သက်သေခံအနေနဲ့  ရှိပေမယ့် အမှုဖွင့်လို့ မရဘူး လို့  တာဝန်ရှိ ကိုယ်တော်ရဲ က အေးတိအေးစက်နဲ့ ပြန်ပြောပါတယ်..

ပြီးမှ အကြောင်းစုံ သိရတော့ သူငှားတာ တကယ့် အိမ်ရှင် အစစ်မဟုတ်ပဲ တကယ့်အိမ်ရှင်ဆီကမှ တဆင့် ပြန်ငှားထားပြီး အိမ်ပြန်မအပ်ခင် ၂လလောက်မှာ သူ့ ဆီ တဆင့်ထပ်ငှားထားကြောင်း သိရပါတယ်..
ဒီလိုလုပ်တာ ရဲစခန်း က ထိုသူအား ခေါ်ပြီး မေးမြန်းခြင်း တစုံတရာတောင်မလုပ် ပဲ . သူနှင့်မဆိုင်သလို.. မတရားမှန်း အပြစ်ရှိမှန်းသိလျက်နဲ့  ဘာမှ မကူညီနိုင် မဖြေရှင်းနိုင်သည့် အနေအထားနှင့် နေနိုင်လိုက်တာ..
လူတယောက်အနေနှင့် ပြသနာဖြစ်ကြပြီ ဆိုလျှင် မည်သူ့ အား အားကိုးတကြီး အကူအညီတောင်းရမည်နည်း.. မတရားသောလုပ်ရပ်အား သိလျက်နဲ့  တာဝန်မယူပဲ ဒီလို အမှုဖွင့်လို့ မရတာနှင့်ပဲ ဒီကိစ္စ ပြီးသွားမှာလား …ဒီလို မေးတော့ ကိုယ်တောချော ရဲသားကြီးက တရားရုံးသို့  တိုင်ကြားပြီး တရားစွဲသို့ ရနိုင်ပါသည်တဲ့…

ဒါနဲ့ ပဲ တရားရုံးကို သွားတော့ တရားရုံးက ဒီကိစ္စတွေက တရားရုံးကြီးက မလုပ်ဆောင်ကြောင်း နှင့် တရားရုံးလေးသို့ သွားရောက်တိုင်ကြားပါတဲ့..

တရားရုံးလေးကို ရောက်တော့ ဒီလိုအမှုတွေက အနည်းဆုံး ဒေါ်လာ၂၀၀၀၀ လိမ်ခံထားရမှ တရားစွဲ နိုင်ပြီး အဲဒီလိမ်တဲ့ သူ က (bankrupt) ဒေ၀ါလီ ခံထားတဲ့သူဖြစ်နေသောကြောင့် သူ့ ဆီက အနည်းငယ်သော လျှော်ကြေး ပြန်ရနိုင်ကြောင်း ..

အင်း ..ဒုက္ခ..တယ်ဆိုးပါလား.. နောက်ထပ် ဒေါ်လာ ၁၂၀၀၀ ပဲထပ်ပေးရမလို..လိုနဲ့..

နောက်ဆုံး သူ့ IC Number လည်းသိတာတောင် မတရားမှန်းနေရဲ့ သားနဲ့ ဒီလို ကလိမ်ကကျစ် လူလှည့်စားတွေကို ရဲလည်းဘာမှမလုပ်နိုင် .တရားရုံးက တည်ရှိတဲ့ ဥပဒေကလည်း ဘာမှမလုပ်နိုင်..
ခံယုံပဲ ရှိတာပေါ့
ဒီလို အဖြစ်မျိုး မြန်မာတွေထဲ မှာလဲ ခံရသူတွေရှိပါတယ်..
အဲဒီတော့ ဒီလို လိမ်လည် အမြတ်ထုတ်ချင်တဲ့ ဒေသခံလူမျိုးတွေက ဥပဒေကို လေ့လာထားပြီး လက်တလုံးခြား လှည့်စားတတ်ကြောင်းနှင့် နိုင်ငံကြီးသားဆိုပြီး မယုံသင့်ကြောင်း.. သတိပေးလိုပါတယ်…

ပေါက်ဖော်ကြီး တယောက် တရားနဲ့ ဖြေနိုင်ပါစေ

ရေကြည်.

Read More......