အားလုံးပျော်ရွှင်ပါစေ

၂၁ ရက်နေ့ တွင် ကျင်းပသော ပြည်သူချစ်တဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ အထိမ်းအမှတ်





ဒီနှစ် အန်တီစုမွေးနေ့  ၆၄ နှစ်ပြည့် အထိမ်းအမှတ် ပွဲ ကို သွားတော့ အရင်တုန်းက နဲ့  မတူတဲ့ ပြောင်းလဲမှုတွေ တွေ့ ခဲ့ ရတယ်..အရင် က စင်္ကာပူရောက် ဒီမိုကရေစီ အင်အားစုထဲ က တက်တက်ကြွကြွလှုပ်ရှားခဲ့သူတွေကို မတွေ့ ရတော့ လည်း တွေ့ ဆုံပြီး ကွဲသွားတဲ့ မမြဲတဲ့အရာတွေက လည်းခေါင်းထဲရောက်လာတယ်...ပြီးခဲ့ တဲ့ ၂၀၀၈ ခုနှစ်က မြန်မာအစိုးရက ဘုန်းကြီးတွေကို ရက်စက်စွာ နှိပ်စက်ခဲ့သလိုဘဲ.. စင်္ကာပူအစိုးရကလည်း စင်္ကာပူရောက် အလွှာမျိုးစုံမှ မြန်မာဒီမိုကရေစီရေး မှာ ကိုယ်တိုင် အနစ်နာခံ တက်တက်ကြွကြွ လှုပ်ရှားခဲ့သူများကို လည်း ပညာရှိနည်းနဲ့  မောင်းထုတ်ခဲ့တယ်။

ကျမတို့ ဘ၀တွေက ဘယ်ဘယ်ရောက်ရောက် အဆက်မပြတ် လိုချင်ဆုံးအရာ က ဒေါ်အောင်ဆန်းစုကြည် နှင့် နိုင်ငံရေး အကျဉ်းသားတွေကို အမြန်ဆုံးလွှတ်ပေးဖို့ ပါ။ ပြီးမှတောင်းဆိုချင်တာက မြန်မာပြည်တိုးတက်ပြီး ပြည်သားတွေ ကို အကျိုးပြုစေမယ့် စနစ် တရပ် ကို ပြည်သားတွေ ကျင့်သုံး ၊ စားသုံးနိုင်အောင် တန်ဖိုးရှိတဲ့ ဒီမိုကရေစီစနစ်တရပ်ပေါ်ထွန်းဖို့ ပါ။

ဒီတော့ အခုနှစ်မှာ စင်္ကာပူတွင် ကျင်းပတဲ့ အခမ်းအနားမှာ ပါဝင်မတက်ရောက်နိုင်တဲ့ ရဲဘော်တွေ လည်း ရောက်ရှိနေတဲ့ အရပ်ဒေသမှာ သူတို့ စွမ်းဆောင်နိုင်တဲ့ဘက်က ကြိုးစားတက်လှမ်းရင်း...


(ဘ၀ ရပ်တည်ရေးအတွက်ရုန်းကန်ရင်း.... မိမိ ရည်မှန်းချက်သို့ လည်း တက်လှမ်းရင်း... ဒီမိုကရေစီ မောင်နှမ များအား သတိရလျက်..)

ရေကြည်

0 comments: