အားလုံးပျော်ရွှင်ပါစေ

နစ်မျောနေသော အတွေးများ

အတွေးတွေ ကို လွတ်လပ်စွာ အမိအရ လိုက်ဖမ်းနေမိသည်၊ ငယ်ငယ်က ဆပ်ပြာနှင့်ရေ ရောပြီး လက်သီးဖွဖွဆုပ် ဖြေးဖြေးကလေး လျော့ကာ ဆော့ကစားခဲ့ သည့် ဆပ်ပြာဘူဖောင်းလေးများလို တချို့ လဲ အောင်မြင်တဲ့ ဘူဖောင်းလေးတွေ ပေါ့ တချို . လဲ လက်ထဲမှာတင် ပျောက်သွားတယ်..

အတွေးတွေ တော့ လူတိုင်းအားလုံးချမ်းသာသည်၊ ဘာတွေ ဘာလို ဘယ်နှစ်ခါတွေးလဲ မသိ..
မကြာသေးမီ အချိန်ကပင် ကော်ဖီတခွက် သောက်နေတုန်း အတွေးတွေတောင် ၀င်ခဲ့သည်၊ ကော်ဖီ က ရေကြဲသွားတော့ သိပ်ပြီး အရသာမရှိ. နောက်တခါ ဖျော်လျှင် ရေနည်းနည်းလျော့ထည့်. အခု ၀ယ်ထားတဲ့ ကော်ဖီမစ် နဲ့ အရင်က ၀ယ်သောက်ခဲ့တဲ့ ကော်ဖီမစ် ကွာဟချက်.. ဟူး.. အတွေးနောက်လိုက်ရတာ အရူးနောက်လိုက်ရသလိုပဲ...
မနေ့ က ဒီအရူးနောက်လိုက်ခဲ့ တဲ့ နေရာတွေ မပြောနဲ့ တော့ ဒီမနက်လေးတင် ဘယ်တွေရောက်ခဲ့မှန်းမသိ.
မတွေးဘဲနေအောင် အလုပ်.တခုခု. လုပ်နေတော့လဲ..လုပ်နေတဲ့ အရာကနေဆက်နွယ်ပြီးတော့ ဆက်တွေးပြန်ရော.. အတော်ပင် အတွေးများတာပဲ..

ဒါပေမယ့်.. စွဲလမ်းစေတဲ့  အတွေးလေးတွေလဲရှိတယ်...
သူငယ်ချင်း တယောက်ကို ပြောပြတယ်.. ဆွေးနွေးကြည့်တယ်.. ပြင်စရာရှိတာ ထပ်ပြီး ပို ပြီး အသက်ဝင်လာအောင်ထပ်ပြီး တွေးပြီးမွမ်းမံကြည့်တယ်..
နောက်တယောက်ကို ထပ်ပြီး ပြောပြတယ်..ဆွေးနွေးတယ်...
ဒီလိုနဲ့  အတွေး သံသရာ ကနေ တကယ့်လက်တွေ့ အရောင်းဈေးကွက်ထဲ ကို ၀င်လာမယ့် အတွေးသစ်ရောင်းဝယ်ရေး ပေါ့...
အောင်မြင်နိုင်မယ့်အတွေးတွေကတော့ တကယ့် လက်တွေ့ ဝန်းကျင်မှာ အသက်ဝင်လာတော့တာပဲ.
ကျမတို့ လဲ များများတွေးမယ်...အတွေးတွေ များတော့ ပြောစရာတွေများလာမယ်..အောင်မြင်မှုတွေ နဲ့ ရင်းနှီးလာမယ်..
ကဲ ..တွေးလိုက်စို့ ..

0 comments: